Connect with us

Hi, what are you looking for?

သတင်း

ARSA နဲ့ RSO ကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ AA ရဲ့စွပ်စွဲချက် ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ငြင်းဆို

ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ အဆက်အစပ်ရှိကြောင်း စွပ်စွဲချက်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ငြင်းဆန်သွားခဲ့ပါတယ်။

BGB ခေါင်းဆောင်အချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပုံ ( ပုံဟောင်း) ဓာတ်ပုံ - Dhaka Tribune

စက်တင်ဘာ – ၃၀ ၊၂၀၂၅

ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ အဆက်အစပ်ရှိကြောင်း စွပ်စွဲချက်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ငြင်းဆန်သွားခဲ့ပါတယ်။

အာရက္ခတပ်တော် (AA)က BGBဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ၊ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO)တို့ကို အားပေး ထောက်ခံနေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် BGBက တုံ့ပြန်ခဲ့တာပါ။

BGBက AAရဲ့ စွပ်စွဲချက်တွေဟာ အရှိတရားကနေ သွေဖယ်စေကြောင်း၊ BGBဟာ ARSA၊ RSOတို့နဲ့ ဘာပတ်သက်မှုမှ မရှိကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ အဲဒီ အဖွဲ့နှစ်ခုရဲ့ လှုပ်ရှားမှုတွေကို တိုက်ဖျက်နေပြီး ARSAရဲ့ အဓိက အကြီးအကဲ အတူလာ ဂျူနူနီ အပါအဝင် ခေါင်းဆောင်ပိုင်း တချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်းလည်း BGBက ဖြေရှင်းချက် ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အရန်အင်အားစု တစ်ခုအဖြစ် လှုပ်ရှားနေတဲ့ BGBက အဖွဲ့အစည်းအတွက် ပေးအပ်ထားတဲ့ တာဝန်တွေဖြစ်တဲ့ နယ်စပ် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ကဏ္ဍတွေကို မမှိတ်မသုန် ကျေပြွန်နေဆဲဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းလောက် ခိုလှုံနေခြင်းနဲ့ ဆက်နွှယ်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ကိုင်တွယ်နေရတယ်လို့ ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း၊ ရခိုင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲမှု သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်စလာ ကတည်းက BGBဟာ နတ်မြစ်ရိုး တလျှောက်နဲ့ ကော့စ်ဘဇား ဒေသမှာ လုံခြုံရေးအတွက် ကင်းလှည့်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေခဲ့တယ်လို့လည်း BGBက ဆိုပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်ဖက်ကို ဝင်ရောက် လှုပ်ရှားနေတယ်ဆိုတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မြန်မာဖက်ခြမ်းမှာ ရှိနေခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်မှာ ခြေကုပ်ယူထားတာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက အတည်ပြု တွေ့ရှိထားတယ်လို့လည်း BGBက ဖြေရှင်းထားပါတယ်။

နောက်ပြီး AAဟာ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာ၊ ရိက္ခာပြတ်လပ်တာ၊ စိတ်ဓာတ်ကျဆင်းတာတွေ အပါအဝင် အတွင်းပိုင်း ပြဿနာတွေနဲ့ ရုန်းကန်နေရတယ်လို့လည်း BGBက ပြောပါတယ်။ ဒါ့အပြင် AAဟာ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွေအပြင် တခြားလူနည်းစု တိုင်းရင်းသား မျိုးနွယ်တချို့အပေါ်မှာလည်း ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ထည့်သွင်း စွပ်စွဲထားပါတယ်။

BGBက ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကူညီနေတယ်ဆိုတဲ့ AAရဲ့ စွပ်စွဲချက်ဟာ AAကိုယ်တိုင်က ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ဖုံးဖိ အာရုံလွှဲဖို့ တမင်ကြံစည်ထားတာသာ ဖြစ်တယ်လို့ BGBက ကြေညာခဲ့ပါတယ်။

ကိုးကား – Dhaka Tribune

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။