Connect with us

Hi, what are you looking for?

သတင်း

ချမ်းမြသာစည်မီး​ကြောင့် လူ ၅ ဦးဝန်းကျင်ဒဏ်ရာရ

မန္တလေးမြို့မှာသီတင်းကျွတ်လပြည့်ညက မီး လောက်မှု နှစ်ခုဖြစ်ခဲ့တာမှာချမ်းမြသာစည်မြို့နယ်ကတနာရီ ကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီး​ကြောင့် ဒဏ်ရာရသူ ၅ ဦးဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်း တွေက​ပြောပါတယ် ။

သီတင်းကျွတ်လပြည့် ညမှာ ချမ်းမြသာစည်မြို့က အိမ်မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-မီးသတ်တပ်ဖွဲ့

​အောက်တိုဘာ-၇၊၂၀၂၅။​မေ/People’s Spring

မန္တလေးမြို့မှာသီတင်းကျွတ်လပြည့်ညက မီး လောက်မှု နှစ်ခုဖြစ်ခဲ့တာမှာချမ်းမြသာစည်မြို့နယ်ကတနာရီ ကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီး​ကြောင့် ဒဏ်ရာရသူ ၅ ဦးဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်း တွေက​ပြောပါတယ် ။

ချမ်းမြသာစည်မြို့နယ် ၊၆၂ နှင့်၆၃ကြား ၁၀၂x၁၀၃ကြားက နေအိမ်တအိမ်မီးလောင်မှုဟာ ည၈နာရီ ကျော် လောက်ကစတင် လောင်ကျွမ်းခဲ့ ပြီး အရှိန်​ကောင်း​ကောင်းနဲ့​လောင်ကျွမ်းတာမို့ ည၉နာရီ ကျော်အထိ မီးငြိမ်းသတ်ခဲ့ရပါတယ်။ဒီမီးလောင်မှုကို စစ်တပ်လက်​အောက်ခံမီးသတ်တပ်ဖွဲ့ကအဆင့်-၂(Level-2)သတ်မှတ်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကို စိစစ် နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ​ပေမယ့် ​ဒေသခံ​တွေက​တော့ မီးပုံပျံပျက်ကျပြီး​မီး​လောင်တာလို့​ပြောကြပါတယ် ။မီးလောင်ကျွမ်းမှုမှာ မီးငြှိမ်းသတ်သူ​တွေအပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၅ဦး ဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်းတွေက ​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

“မီးပုံးပျံ ဆိုလာပြား ပေါ်ကျတာက စလောင်တာ ။တဖောက်ဖောက် မြည်တော့ သီတင်းကျွတ်မို့ ဗြောက်ဖောက်တာလား၊မန္တလေးတက္ကသိုလ် ရာပြည့် အခမ်းအနားက အခမ်းနာကျင်းပနေလို့များလား ထင်နေပြီး ထွက်မကြည့်မိတာ ။ မီးတွေများ ကြောက်စရာကြီး “လို့ ဒေသခံတဦးကချမ်းမြသာစည်မီးလောင်မှုနဲ့ပတ်သက်ပြီး ရေးသားထားပါတယ်။

တစ်အိမ်လုံး​လောင်ကျွမ်းခဲ့တဲ့​နေအိမ်က အိမ်ရှင်တွေဟာ ခရီးသွားတာကြောင့် နေအိမ်အတွင်းရှိပစ္စည်းတွေအားလုံးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သီတင်းကျွတ်လပြည့်ညမှာ မန္တ​လေးမြို့တွင်း ၂ မြို့နယ်မှာမီးလောင်ခဲ့သလိုရန်ပွဲတချို့နဲ့ ယာဉ် မတော်တဆမှု တွေလည်း ရှိခဲ့တယ်လို့ မန္တလေး ဆေးရုံကြီးကရရှိတဲ့သတင်းအချက်အလက် တွေအ သိရပါတယ်။

ဒါအပြင်ပြည်ကြီးတံခွန်မြို့နယ်မှာလည်မီးပုံးပျံပျက်ကျပြီး နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပေမယ့် ဒဏ်ရာရသူမရှိသလို မီးသတ်တပ်ဖွဲ့ကမီးလောင်မှု အဆင့်သတ်မှတ်ချက်လည်း မထွက်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook