Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်မှာ စစ်တပ်တိုက်ခိုက်ကြောင့် ​ဒေသခံ ၃ ဦး​သေ၊ ၅ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သား ပြည်သူများနေထိုင်ရာကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူ၃ ဦး​သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ။ဓာတ်ပုံ - KNU

အောက်တိုဘာ-၈၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သား ပြည်သူများနေထိုင်ရာကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူ၃ ဦး​သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာ လဆန်းအတွင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တွေမှာ ပြည်သူတွေ ထိခိုက်သေဆုံးမှုအခြေအနေကို အသိပေး ​ဖော်ပြထားတာဖြစ်ပါတယ်။

KNU ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ်မှာ အောက်တိုဘာ၂ ရက်နေ့လည်က စစ်ကောင်စီရဲ့ ခလရ(၅၇)တပ်ရင်းမှ ပျဉ်ရေကျေးရွာအတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် တလုံးထိခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁ရက်မှာလည်း တော်ဝိကျေးရွာရှိ ခလရ(၂၀)မှစစ်သားတွေက လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ကွင်းဒလကြီးရွာက (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်စက်တင်ဘာ ၂၇ရက်ကလည်း စစ်တပ်က ရွှေကျင်နယ် ၀ိုင်ကျေးရွာကို Y12 လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ (၅၂)နှစ်အရွယ်အမျိုးသမီး ၂ဦး သေဆုံးကာ (၁၈)နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရှိခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မုန်းမြို့နယ်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ရှောင်နေတဲ့ အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ် ၁ဦးနဲ့ (၄၃)နှစ်အရွယ် အမျိုးသမီး ၁ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် အရပ်သား ပြည်သူတွေနေ့စဉ် နဲ့အမျှ ထိခိုက်သေဆုံးနေရပြီး စိုးရိမ်ထိတ်လန့် စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။

၂၀၂၅ ဇန်နဝါရီမှ ဩဂုတ်လကုန်ပိုင်းအထိ KNUအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀၀ နီးပါး ပြုလုပ်ခဲ့ရာ ၆၄ ဦး သေဆုံးခဲ့ပါတယ်။ဒါအပြင်၁၉၀ကျော်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ကျောင်း၊ ဘုန်းကြီးကျောင်းများစွာပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ် ။

ဒါ့အပြင် လက်နက်ကြီး အကြိမ်ရေ ၇၀၀နီးပါး ပစ်ခတ်ခဲ့လို့ ပြည်သူ ၅၆ ဦးသေဆုံးခဲ့သလို ၂၀၀ ဦးကျော်ဒဏ်ရာခဲ့ပါတယ်။ဒရုန်းနဲ့တိုက်ခိုက်တာ၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ပြည်သူ သေဆုံးထိခိုက်တာတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

Facebook