Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်ကြောင်းပျက်သွားတဲ့လက်ပံတန်းမှာ တိုက်ခိုက်ရေးဒရုန်းအကြီးစား ၁စီး တော်လှန်ရေးတပ်တွေ ထပ်မံသိမ်းရ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကြောင်းပျက်သွားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးဒရုန်းအကြီးစား၁စီး ထပ်မံသိမ်းရတယ်လို့ သာယာဝတီဂဠန်တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့ သိမ်းရရှိသော ဒရုန်းတစီး။ ဓာတ်ပုံ - ပေးပို့

အောက်တိုဘာ-၁၉၊ ၂၀၂၅။ရဲခေါင် /People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကြောင်းပျက်သွားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးဒရုန်းအကြီးစား၁စီး ထပ်မံသိမ်းရတယ်လို့ သာယာဝတီဂဠန်တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၁၉ ရက်) မနက် ၁၀နာရီခွဲလောက်မှာ သိမ်းရတဲ့ဒရုန်းဟာ သရက်ချောင်းရွာ အနောက်ဘက်မှာ စက်ချို့ယွင်းပြီး ပျက်ကျလာခဲ့တာလို့ ဆိုပါတယ်။

“စက်ချို့ယွင်းတက်ပြီးတော့ ပျက်ကျခဲ့တယ်လို့တော့ ကျွန်တော်တို့သိရတယ်။လတ်တလောမှာ ဒရုန်းက လေထီးနဲ့ကျလာတာလို့ နီးစပ်​ရာ ပြည်သူတွေက ပြောတယ်။ဒရုန်းက ဗုံးကြဲပြီး ပြန်တဲ့အချိန်မှ စက်ချို့ယွင်းပြီးပျက်ကျတာမျိုး”လို့ အထက်ပါတာဝန်ရှိသူက ဒရုန်းရရှိခဲ့တာနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆေးချက်တွေအရ ရရှိတဲ့ဒရုန်းဟာ ၂၅ ကီလိုဂရမ်(ခုနှစ်ပိဿာ) အလေးချိန်သယ်နိုင်ပြီး ဒလက် ၁၂ခုပါကာ ထိုင်းဘတ် ၁၂သိန်းခန့် တန်ကြေးရှိတယ်လို့ ၎င်းက အသိပေးပါတယ်။

“ကျွန်တော်တို့ ဒီဒရုန်းကို အသုံးပြုပြီးတော့ ခ တွေကို ပြန်ပြီးအလုပ်လုပ်ဖို့စီစဥ်ထားပါတယ်”လို့ သာယာဝတီ ဂဠန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမ အနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖိုနဲ့ နတ်တလင်းမြို့နယ်တွေကို စစ်ရေးအရအသာယူနိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းတွေ အဆက်မပြတ်ထိုးနေပါတယ်။

ပြီးခဲ့တဲ့ လေးရက်က လက်ပံတန်းမြို့နယ်၊သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတဲ့ တပ်မ(၆၆)လက်အောက်ခံ ခလရ(၁)တပ်ရင်း စစ် ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်း ပျက်သွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ အမှတ်(၂)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် G-4စက်ကလေး လေးလက်၊G3 ငါးလက်၊G-2 ငါးလက်၊MA -12 နှစ်လက်၊MA- 3 တစ်လက်၊စက်ကလေး တစ်လက်၊ကာဘိုင်တစ်လက်၊MAS Sniper တစ်လက် သိမ်းရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook