Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနဲ့ ဒီပဲယင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုတွေရှိပြီး နေအိမ်တွေပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Kaung Kin

အောက်တိုဘာ-၂၅၊ ၂၀၂၅။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုတွေရှိပြီး နေအိမ်တွေပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၁၀နာရီခန့်က ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာက စာသင်ကျောင်းကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင် ၂ဆောင် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝေါဝေါနဲ့ပျံထွက်သွားသံကြားပြီး ဝုန်းဝုန်းဆိုပြီးနှစ်ချက်ကွဲသံကြားလိုက်ရတာပဲ။ ပတ်ပြီးမှချသွားတာလို့သိရတယ်။ ဒါပေမယ့် ပတ်နေတုန်းက ဝေးတော့မကြားမိဘူး ပျံထွက်သွားမှသိလိုက်တာ။ ကျောင်း‌‌ေဆာင်တော့ပျက်စီးသွားတယ်”လို့ ညောင်ပင်သာရွာ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အသံကြီးကတော့ တော်တော်ကျယ်တယ်။ လန့်စရာကြီး”လို့ ညောင်ပင်သာရွာအနီးနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာလည်း ဒီပဲယင်းမြို့နယ် ဘုတ္ထန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့လို့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒါ့အပြင် နေအိမ် ၂ လုံး၊စပါးတိုက် ၁ လုံး၊ နွားတဲ ၁ လုံးလည်း ပျက်စီးကာ နွား ၂ ကောင်ပါ ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

“လူသေဆုံးတာတော့ မရှိဘူး”လို့ ဒီပဲယင်းအခြေစိုက် ကောင်းကင် PDF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ လေကြောင်းအသိ၊သတိရှိကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

အောက်တိုဘာလဆန်းက ဒီပဲယင်းမြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကြောင့် အလှူပွဲနဲ့မင်္ဂလာပွဲတွေ ဖျော်ဖြေရေးတွေမထည့်ကြဖို့ တားမြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။