Connect with us

Hi, what are you looking for?

သတင်း

သာကေတမှာ ပံ့သကူကောက်သူတွေရပ်ကြည့်နေသူတစ်ဦး ကားတိုက်ခံရပြီး သေဆုံး

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ကွယ်လွန်သွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက အသိပေးထားပါတယ်။

သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း ကားတိုက်ခံရတဲ့ အမျိုးသမီးကို ဆေးရုံပို့ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ -Tuntun Oo Duwon

နိုဝင်ဘာ-နိုဝင်ဘာ၅၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ကွယ်လွန်သွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက အသိပေးထားပါတယ်။

“ အသက်တစ်ချောင်းက တန်ဘိုးကြီးပါတယ်၊လမ်းမရဲ့အလယ် ပန့်တကူငွေကောက်နေတဲ့အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်ကြည့်နေတဲ့သူ ယာဥ်တိုက်ခံရမှုဖြစ်ပွား။လမ်းကူးသူဘဲ ဖြစ်ဖြစ်၊ယာဥ်မောင်းသူဘဲဖြစ်ဖြစ် သတိကပ်ကြပါခင်ဗျာ။” လို့ ရှင်သန်ရေး ကူညီမှူအသင်းရန်ကုန် က အခင်း​နေရာက ဓာတ်ပုံတွေနဲ့ အ​တူထုတ်ပြန်ထားတာပါ။

နိုဝင်ဘာ ၅ ရက် ည ၇နာရီခွဲ ခန့်မှာ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်မှာ အသက်(၄၅)နှစ်အရွယ် အမျိုးသမီး ကားတိုက်ခံရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ဆေးရုံရောက်ပြီးခဏတွင် ကွယ်လွန်သွားခဲ့သည်။ကူညီပေးသူများကိုလည်း ကျေးဇူးတင်ရှိအပ်ပါသည်။” လို့ရှင်သန်ရေး လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

တန်ဆောင်မုန်းလပြည့်နဲ့ လပြည့်ကျော် ၁ရက် ညတွေမှာ ရန်ကုန်အပါအဝင် မြို့အများစုမှာ ပံ့သကူကောက်တဲ့အနေနဲ့ ကားတွေကို ပိုက်ဆံတောင်းကြတာပါ။

ဒီဖြစ်စဉ်ကြောင့် တန်ဆောင်မုန်းလပြည့်ညကလည်း ပျဉ်းမနားမြို့မှာ ဆိုင်ကယ်တိုက်မှု ၊ ကားတိုက်မှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ပံ့သကူဆိုတဲ့အတိုင်း အရင်ကာလက ဘယ်သူမှ မသိအောင် စွန့်ပစ်ထားတဲ့ ပစ္စည်းတွေ ငွေတွေကို လိုက်လံရှာဖွေကြတာ ဖြစ်ပေမယ့် အာဏာသိမ်းကာလမှာတော့ လမ်းမပေါ်တွေမှာ ကားတွေကနေ ပိုက်ဆံကြဲဲတဲ့ အလေ့အထ ဖြစ်လာခဲ့တာပါ။

ဒီလိုလုပ်ဆောင်မှုတွေက အန္တရာယ်များကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိပေမယ့်လည်း အများစုကဆက်လက်လုပ်ဆောင်နေကြတာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ခပ်ဖွဲဖွဲရွာထားတဲ့မိုးကြောင့် စိုစိစိဖြစ်နေတဲ့ ကတ္တရာလမ်းမပေါ်မှာ ဖြတ်သန်းသွားတဲ့ ကားတစီးနောက် လူတွေဟာ ပြေးလွှားလိုက်နေကြတယ်။ ရှေ့ကမောင်းနေတဲ့ကားပေါ်ကနေ ငွေစက္ကူခေါက်ကလေးတွေ ကျလာတော့ ဟေးခနဲအော်ရင်း အလုအယက် ကောက်ကြတယ်။ လမ်းမပေါ် လူတွေစုရုံးစုရုံးနဲ့ ရှုပ်ထွေးသွားလို့ ကားတွေလည်း ဟွန်းတွေတတီတီတီးကြတော့ ပိုဆူညံသွားတယ်။ မြို့ပြပေါ်က တန်ဆောင်မုန်းလပြည့်ည မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။

သတင်း

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ် (၆)ရပ်ကွက် အောင်သုခ ၂၃ လမ်းရှိ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

Facebook