Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ကို လေတပ်ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြည်သူတွေထိခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကကျေးရွာနှစ်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပကဖ

နိုဝင်ဘာ-၁၀၊၂၀၂၅၊ရှိန်း၊မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(နိုဝင်ဘာ၁၀ရက်) ညနေပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကကျေးရွာနှစ်ရွာကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီပဲယင်းအနောက်ခြမ်းက ကျေးရွာနှစ်ခုကို မိတ္ထီလာရှမ်းတဲလေတပ်ကလာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်၊တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်နဲ့ နောက်ထပ်ဂျက်ဖိုက်တာတစ်စီးနဲ့ လေးကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ညနေ ၆နာရီမှာ နောက်ထပ်လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နွားတစ်ကောင်သေဆုံးပြီး နေအိမ် ခုနစ်လုံးပျက်စီးပြီး နေအိမ်သုံးလုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှု​ကြောင့် အနည်းဆုံးပြည်သူ ၁၃ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး စုံစမ်းသိရပါတယ်။ဒဏ်ရာရသူ​တွေထဲမှာ အမျိုးသမီးကြီး တစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာကြောင့် ဘေးကင်းလုံခြုံတဲ့နေရာနဲ့ ပုန်းခိုကျင်းတွေတူးကြဖို့ ဒီပဲယင်းပကဖက တိုက်တွန်းထားပါတယ်။

အခုနှစ် ဩဂုတ်၁၈ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သံဃာတော် ၂ ပါးအပါအဝင် ၁၂ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook