Connect with us

Hi, what are you looking for?

သတင်း

ခိုတောင်ကျွန်းမှာ က​နေဒါနိုင်ငံသူကိုအဓမ္မပြုကျင်ဖို့ ကြံစည်မှုနဲ့ လူငယ်တစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံရဲ့ ခိုတောင်ကျွန်းမှာ နိုင်ငံခြားသူ တစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြံစည် အားထုတ်မှုအတွက်လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သံသယရှိသူကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-Khaosod English

နိုဝင်ဘာ-၁၈၊၂၀၂၅။People’s Sring

ထိုင်းနိုင်ငံရဲ့ ခိုတောင်ကျွန်းမှာ နိုင်ငံခြားသူ တစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြံစည် အားထုတ်မှုအတွက်လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက ဖြစ်စဉ်ကို နစ်နာသူက အဆောတလျင် တိုင်ကြားခဲ့ပြီးတဲ့နောက် နာရီပိုင်း အကြာမှာပဲ အသက် ၁၉ နှစ်အရွယ် သံသယ တရားခံ ထိုင်းနိုင်ငံသားမြန်မာလူငယ်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ခိုတောင် ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုင်ကြားတဲ့ မိန်းကလေးဟာ ကနေဒါ နိုင်ငံသူ ဂျူလီယာလို့ပဲ ရဲတွေက နာမည် ဖော်ပြခဲ့ပါတယ်။မ​လေးရှားရဲတပ်ဖွဲကို ကိုးကားပြီး ထိုင်း-မြန်မာလူငယ်တစ်ဦးကို ဖမ်းဆီးထားတယ်လို့​ဖော်ပြထား​​ပေမယ့် အ​သေးစိပ်ရှင်းလင်း​ဖော်ပြထားခြင်းမရှိပါဘူး ။

ဂျူလီယာဟာ မနက် အစောပိုင်း ၁နာရီ ဝန်းကျင်လောက်မှာ XCo ဘားကနေ တစ်ယောက်တည်း လမ်းလျှောက် ပြန်လာခဲ့ကြောင်း၊ အဲဒီအခါ မော်တော်ဆိုင်ကယ် စီးထားတဲ့ သံသယ တရားခံက သူ့ကို ချဉ်းကပ်ပြီး သူဟာတက္ကစီ ကယ်ရီသမား တစ်ဦးလို့ မိတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ ဂျူလီယာကို အခကြေးငွေ မယူဘဲ လိုရာပို့ဆောင်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဓမ္မပြုကျင့်ရန်ကြံစည်​တဲ့​နေရာကိုထိုင်းရဲတပ်ဖွဲ့က သက်​သေရှာ​ဖွေစဥ်။ဓါတ်ပုံ-Khaosod English

အမျိုးသမီးကလက်ခံပြီး ဆိုင်ကယ် အနောက်ဖက်ကနေထိုင်ပြီးလိုက်လာခဲ့တယ်ုလိ့ဆိုပါတယ်။ ပြီးတော့ ဆိုင်ကယ်မောင်းသူက ကြိုပြောမထားတဲ့ မှောင်မည်းတဲ့ လမ်းကြား တစ်နေရာထဲကို မောင်းဝင်ခဲ့ပါတယ်။ အဲဒီမှာ အမျိုးသားက သူ့ကို ကိုယ်ထိလက်ရောက် မဖွယ်မရာလုပ်ဖို့ စကြိုးစားခဲ့ကြောင်း ဂျူလီယာက ဆိုပါတယ်။ ဆိုင်ကယ်သမားက သူ့ဘောင်းဘီ သူချွတ်နေတဲ့ အချိန်မှာ ဂျူလီယာက ကြောက်လန့်တကြား ခုန်ချခဲ့ပြီး ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။

အဓမ္မ ကြံစည်သူက ဂျူလီယာကို ခွထားဖို့ ထပ်ကြိုးစားပေမယ့် မိန်းကလေးက အစွမ်းရှိသမျှ ရုန်းကန်ပြီးသူ့ဖုန်းဆီ ရောက်အောင်သွားရင်း အကူအညီတောင်းဖို့ ဖုန်းခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားက သူ့ဖုန်းကိုလည်း ဆွဲလုခဲ့ပါတယ်။

နောက်ဆုံးမှာတော့မိန်းကလေးဟာအဓိက လမ်းမကြီးပေါ် ရောက်အောင် ရုန်းကန် ထွက်ပြေးနိုင်ခဲ့ပါတယ်။ လင်းလင်းရှင်းရှင်း ဖြစ်နေတဲ့ နေရာတစ်ခုမှာ သူက တက္ကစီတစ်စီးကို တားပြီး XCo ဘားဆီ ပြန်သွားခဲ့ပါတယ်။ ဘားရဲ့ တာဝန်ရှိသူတွေက ရဲကို ဖုန်းဆက် တိုင်ကြားပေးခဲ့ပြီး ဂျူလီယာကိုလည်း ခိုတောင်ဆေးရုံဆီ ပို့ပေးခဲ့ပါတယ်။ ဂျူလီယာရဲ့ ခန္ဓာကိုယ်မှာ ပေါက်ပြဲဒဏ်ရာတွေ အတော်လေး ရထားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေကသူ့ကို ဆေးရုံမှာပဲစစ်ချက်ယူပြီးတဲ့နောက်ချက်ချင်း အမှုဖွင့်ပြီး တရားခံကို ရှာဖွေခဲ့ပါတယ်။ ရဲတွေက ဂျူလီယာ ပြောပြခဲ့တဲ့ လမ်းကြောင်းတလျှောက်က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ရယူခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိန်းကလေးရဲ့ တိုင်ကြားချက်နဲ့ ကိုက်ညီတဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဆိုင်ကယ်စီးသူရဲ့ပုံကိုရရှိခဲ့ပြီးခိုတောင်ကနေ ထွက်ခွာနိုင်တဲ့ အဝင်အထွက် ဂိတ်တွေ အားလုံးဆီ ဖြန့်ဝေရင်းနိုးနိုးကြားကြားစောင့်ကြည့်စေခဲ့ပါတယ်။

ရဲတွေက အခင်းဖြစ်တဲ့နေရာဆီ ဂျူလီယာကို ခေါ်လာပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ပြန်လည် သရုပ်ပြပေးစေခဲ့၊ ပြောပြစေခဲ့ပြီး ကျူးလွန်သူ ထွက်ပြေးနိုင်ခြေ လမ်းကြောင်းတွေကို တွက်ဆခဲ့ပါတယ်။ ဂျူလီယာ ညွှန်ပြတဲ့ နေရာတွေ အားလုံးဟာ သူ့ရဲ့ မူရင်းထွက်ချက်နဲ့ ကိုက်ညီမှု ရှိခဲ့ပါတယ်။ဆိုင်ကယ်ကလမ်းကြောင်းပြောင်းပြီးမောင်းနှင်သွားတဲ့ နေရာတစ်ခုကိုလည်း ခြေရာခံ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နောက်တော့ ရဲတွေက သံသယရှိသူ တစ်ဦးအကြောင်း သတင်းပေး တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။

မနက် ၉ နာရီ ဝန်းကျင်မှာတော့ ကုန်လှောင်ရုံ တစ်ခုထဲမှာ ပုန်းနေတဲ့ သံသယ တရားခံကို ရှာတွေ့ခဲ့ပါတယ်။သူ့ကို ဖမ်းဆီးချိန်မှာ ခုခံတာမျိုး မရှိခဲ့ပါဘူး။ ရဲတွေက နီးစပ်ရာ ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းခဲ့သလို ဆီးနမူနာတွေ ရယူခဲ့ပါတယ်။ ရလဒ်ကတော့ သူဟာ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေး သုံးစွဲထားတယ်ဆိုတဲ့ အဖြေထွက်လာတာပါပဲ။သူကပြစ်မှုကျူးလွန်ချိန်မှာ စီးလာတဲ့ မော်တော်ဆိုင်ကယ်ဟာ ငှားလာတာလို့ ထွက်ဆိုပါတယ်။ ရဲတွေက ဆိုင်ကယ်ကိုလည်း သိမ်းယူထားပါတယ်။

သံသယရှိသူကစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး ရနောင်းမှာ နေထိုင်သူလို့ ထွက်ဆိုခဲ့ပါတယ်။ အခုဖြစ်စဉ်အပြီး တရားစွဲဆိုဖို့ ဆက်လက် လုပ်ဆောင်နေသလို အနီးတဝိုက်က ကမ္ဘာလှည့် ခရီးသည်တွေ အသွားအလာများတဲ့ နေရာတွေမှာ လုံခြုံရေး တိုးမြှင့် စောင့်ကြည့်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ကိုးကား -Thai Examiner

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။