နိုဝင်ဘာ – ၂၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
ကရင်ပြည်နယ်၊ဘားအံမြို့ ၊မဲဘောင်မီးပွိုင့်အနီးမှာ ဖွင့်လှစ်ထားတဲ့ ဖုန်းဆိုင် မနေ့ ( နိုဝင်ဘာလ ၁၉ ရက် ) နေ့ခင်းပိုင်းက ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံဆီကသိရပါတယ်။
မိုဘိုင်းဥယျာဉ် ဖုန်းဆိုင်ကို မနေ့ နေ့ခင်းပိုင်း ၂ နာရီ ခန့် မှာသေနတ်သမားတစ်ဦးက ဝင်ရောက်ဓားပြတိုက်တာပါ။
ဆိုင်မှာ အမျိုးသမီး ဝန်ထမ်းသုံးဦး ရှိနေချိန် ဓားပြတိုက်ခံရတာဖြစ်ပြီး ဖုန်းနဲ့ ပိုက်ဆံကို အဓမ္မ တောင်းယူချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်ခံရလို့သိရပါတယ်။

Public Service Announcement
“ငွေသားနဲ့ဖုန်းကို သူဆွဲကိုယ်ဆွဲလုပ်ရာကနေ သေနတ်နဲ့ မျက်နှာကို ပစ်မိသွားတယ်”လို့ ဆိုင်ပိုင်ရှင်က သူ့ရဲ့ဖေ့ဘွတ်ခ်က တဆင့် ရေးသားအသိ ပေးထားပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ မိန်းကလေးကတော့ ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။
အခုလ နိုဝင်ဘာ၁၂ရက် မနက် အစောပိုင်းကလည်း ပြင်ဦးလွင်မြို့လယ် နာရီစင်အနီးက ရွှေဆိုင်ကို ဆိုင်ဖွင့်ချိန်မှာ အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်ရာ သေနတ်သမား ဓားပြကို ထိုးကြိတ်ဖမ်းဆီးဖို့ ကြိုးပမ်းတဲ့ ဆိုင်လုံခြုံရေးဝန်ထမ်း အမျိုးသား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
















































