Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ချင်းတိုင်းရင်းသား ၃၆၀ကျော်သေဆုံး

ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သား ပြည်သူ နဲ့ တော်လှန်ရေးရဲဘော် စုစုပေါင်း ၃၆၆ ဦး ကျော်သေဆုံးကြောင်း ချင်းရေးရာအဖွဲ့(ICA)က သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်အတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ သေဆုံးမှုတွေ။ ဓာတ်ပုံ -CJ၊ Chinland News၊ မင်းတပ်ပကဖ

နိုဝင်ဘာ-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သား ပြည်သူ နဲ့ တော်လှန်ရေးရဲဘော် စုစုပေါင်း ၃၆၆ ဦး ကျော်သေဆုံးကြောင်း ချင်းရေးရာအဖွဲ့(ICA)က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၅ အောက်တိုဘာ ၃၁ရက်ထိ ၅ နှစ်​ခန့်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှု အခြေအနေနေနဲ့ ချင်းလူမျိုးတွေ သေဆုံးရမှု အခြေအနေကို ICAက နိုဝင်ဘာ လလယ်မှာ ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင်ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်ပြင်ပ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် ရှိ ချင်းလူမျိုးများနေထိုင်ရာ ဒေသတွေကို လေကြောင်း တိုက်ခိုက်ခဲ့လို့ လေးနှစ်ခွဲအတွင်း ချင်းလူမျိုးစုစုပေါင်း ၃၆၆ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၁,၁၀၀ ခန့်ရှိခဲ့တယ်လို့ ICAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးချင်းလူမျိုး ၃၆၆ ဦးမှာ အရပ်သားပြည်သူ ၂၃၅ ဦး ပါဝင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်၁၃၁ဦးကျဆုံးခဲ့ရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ချင်းလူမျိုးတွေနေထိုင်ရာကို လေကြောင်း တိုက်ခိုက်မှု ၃၃၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅၂ ကြိမ်ထက်မည်းရှိခဲ့ပြီး အရပ်သား ၁၃၅ဦး၊ ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့၀င် ၁၁၅ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး ၈၃၅ဦး ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်ပြင်ပ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုက်ပြည်နယ်ရှိ ချင်းလူမျိုးများနေထိုင်သော အရပ်ဒေသများကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၈၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ အရပ်သား ၁၀၀ ကျော်သေဆုံးကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၁၆ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ICAက အသိပေးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ထိခိုက်ဒဏ်ရာရရှိသူ ၂၄၃ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အဆောက်အဦးထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ချင်းတိုင်းရင်းသားတွေနေထိုင်ရာကို စစ်တပ်က လေကြောင်းက အကြိမ် ၃၃၀ ကျော် တိုက်ခိုက်ရာမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဟာ အကြိမ် ၁၀၀ ကျော်နဲ့အများဆုံး တိုက်ခိုက်ခံရတာလို့လည်း အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေကြောင့် သေဆုံးရတဲ့ ချင်းလူမျိုးအရေအတွက်ကိုလည်း ဖော်ပြခဲ့ရာ ချင်းလူမျိုး ၁၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေနဲ့ တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားရမည့်စည်းမျဥ်း၊ အရပ်ဘက်အဆောက်အဦးတွေနဲ့ စစ်ရေးဆိုင်ရာရည်မှန်းချက်တွေအကြား ခွဲခြားရမယ့် စည်းမျဥ်းတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေကြောင်းလည်း ICAက ထုတ်ပြန်ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ချင်းပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်၊ဖလမ်းမြို့နယ်တွေသာမက ဆက်စပ်ဒေသတွေဖြစ်တဲ့ မကွေးတိုင်းဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ကို ချင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။