Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ကို စစ်တပ် လေကြောင်းထပ်မံတိုက်ခိုက်လို့ နေအိမ်အချို့ ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ကျေးရွာတရွာအနီးကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ကျေးရွာတရွာအနီးကို စစ်တပ်က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ ပုရစ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ကျေးရွာတရွာအနီးကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

မနေ့က ည ၁၀နာရီ မိနစ် ၄၀လောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁စီးက လေကြောင်း တိုက်ခိုက်မှု ၂ကြမ် ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အိမ် ၂လုံးတော့ထိတယ်။ လူတော့ မထိဘူး”လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ နိုဝင်ဘာ ၂၂ရက်ကလည်း မင်းတပ်မြို့နယ် အနောက်ခြမ်းတနေရာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတုန်းကလည်း အဆောက်အဦးထိခိုက်မှု အချို့ရှိပေမယ့် လူသေဆုံးထိခိုက်မရှိဘူးလို့ ဒေသ သတင်းရင်းမြစ်က ပြောထားပါတယ်။

မင်းတပ်မြို့နယ်ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ချင်းညီနောင်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တပ်က မင်းတပ်အပါအဝင် နိုင်ငံတဝန်း လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေဒေသတွေကို လေကြောင်း စစ်ဆင်ရေးတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီက မင်းတပ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်ပြီး မြေပြင်ထိုးစစ်ကို မကွေးတိုင်း ပခုက္ကူဒေသကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ ပေါက်မြို့နယ် အပါအဝင် ချင်း-မကွေးနယ်စပ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲတွေ ရက်ရှည်ဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။