Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက လွတ်ခါနီးနိုင်ကျဥ်း​တွေကို လွှတ်ပေးပြီး​ရွေး​ကောက်ပွဲအတွက်လို့ပြောတာဟာ နိုင်ငံ​ရေးအရအသုံးချတာလို့နိုင်ကျဥ်း​တွေ​ပြော

စစ်ကောင်စီဟာ လွတ်ခါနီးပြီဖြစ်တဲ့ နိုင်ငံ​ရေးအကျဉ်းသားတွေ လွှတ်ပေးပြီး စစ်တပ်​ရွေး​ကောက်ပွဲအတွက် ​မဲ​ပေးနိုင်​အောင် လွှတ်​​ပေးတယ်​​ပြောတာဟာ မရိုးသားတဲ့ နိုင်ငံရေးအရအသုံးချတာသာ ဖြစ်တယ်လို့ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း​တွေက ​ပြောကြားလိုက်ပါတယ်။

ဦးကြည်တိုး၊ ကိုဖိုးသားနဲ့ နိုင်ကျဥ်း​တွေ ပြန်လွတ်မြောက်လာစဉ်

နိုဝင်ဘာ-၂၇၊၂၀၂၅။​​နေ့သစ်/People Spring

စစ်ကောင်စီဟာ လွတ်ခါနီးပြီဖြစ်တဲ့ နိုင်ငံ​ရေးအကျဉ်းသားတွေ လွှတ်ပေးပြီး စစ်တပ်​ရွေး​ကောက်ပွဲအတွက် ​မဲ​ပေးနိုင်​အောင် လွှတ်​​ပေးတယ်​​ပြောတာဟာ မရိုးသားတဲ့ နိုင်ငံရေးအရအသုံးချတာသာ ဖြစ်တယ်လို့ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း​တွေက ​ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုတွေက ထင်သာမြင်သာ တိုးတက်လာနေပြီလို့အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနကမှတ်ချက်ပေးပြီး ရက်ပိုင်းအကြာမှာဘဲ စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ကနဲ့ မတရားဖမ်းဆီးအကျဉ်းချထားတဲ့သူတွေကို လွတ်ငြိမ်းခွင့်ပေးပါတယ်။

စစ်အုပ်ဟာပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံထားသူ ၇၂၄ ဦးကို ခံဝန် နဲ့ ၂၃၆၁ ဦး ကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့ တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ဦးကို အမှုတွေ ပိတ်သိမ်းပေးခဲ့တယ်လို့ နိုဝင်ဘာ ၂၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်​တော့ ပုဒ်မ ၅၀၅ ဟာ စစ်တပ်အာဏာသိမ်းပြီး အ​စောပိုင်းနှစ်​တွေဖြစ်တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ​တွေမှာ စစ်တပ်အများဆုံးသုံးခဲ့တဲ့ ပုဒ်မ​တွေလို့နိုင်ငံ​ရေးအကျဥ်းသား​​ဟောင်း​တွေက​ပြောပါတယ် ။ဒါ​ကြောင့် ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီး​ထောင်ချခံရသူအများစုက လွတ်ခါနီးတဲ့ သူ​တွေဖြစ်တယ်လို့ သူတို့က​ပြောပါတယ် ။၂၀၂၃ ခုနှစ်​နောက်ပိုင်းမှာစစ်တပ်က နိုင်ကျဥ်း​တွေကို ပုဒ်မ ၅၀ ၊ ၅၂ လို ပုဒ်မ​တွေနဲ့ အဓိက တရားစွဲဆို​​ထောင်ချ​နေတာဖြစ်ပါတယ် ။အခုစစ်တပ် ပြန်လွှတ်​ပေးတာမှာ အဆိုပါ ပုဒ်မ​တွေမပါပါဘူး ။

ဒါ​ကြောင့် ပြန်လွတ်လာသူအများစုဟာ လွတ်ခါနီးသူ​တွေသာများပြီး စစ်တပ်အခုလွတ်ငြိမ်း​ကြောင့် သိသာတာက ပုဒ်မ ၅၀၅ တပ်ထားပြီး အဖမ်းမခံရသူ​တွေပဲဖြစ်တယ်လို့ သူတို့ကဆက်​ပြောပါတယ်။

“၅၀၅(က) ဆိုတာ ထောင်ထဲမှာ ၂၀၂၂ နှစ်ခုနှစ်နောက်ပိုင်း မရှိသလောက်ပဲ။ ၅၀၅ အစား ၅၀ စီးရီးတွေနဲ့ ပုဒ်မအကြီးကြီးတွေတပ် နှစ်တွေအများကြီး နဲ့ အမှူဆင် ပြီးကို ချထားတာ ( ၅၀ စီးရီး ဆိုတာ ထောင်ထဲသုံးတဲ့စကားဥပမာ (၅၀ ည, ၅၀ စျ…. တို့. counter terrorisim ပုဒ်မတွေ) ။ဆိုတော့ အခု ကိုကြည်တိုး လွတ်တယ်ဆိုတာ သူက၅၀၅(က) က ဟိုးရှေးပဝေသဏီ အဏာသိမ်းစမှာကတည်းက ကပ်ထားတဲ့ပုဒ်မ အဲဒါအမှူဆိုရင် နှစ်စေ့လို့ကျော်တောင်ကျော်နေပြီး အဲဒါအပြင် သူ့ကို ၃၃(က) ဆက်သွယ်ရေးပုဒ်မ ကပ်ထားတာဆိုတော့ အဲဒီ၂မှုပေါင်းနဲ့ သူ့ပြစ်ဒဏ်နဲ့ဆို လွတ်နီး။ ဒီလိုပဲ ဖိုးသားဆိုလည်း လွတ်နီးပဲ အဲလို လွတ်နီး​တွေ နဲ့ အပြင်မှာ ၅၀၅ နဲ့ တရားစွဲထားတဲ့လူတွေကို ပဲ ဖြေလျော့တာ ။ဆိုတာ ဒီဟာက နိုင်ငံရေး ပြေလည်ချင်လို့ လုပ်တာမဟုတ်ဘူး သူ့ရဲ့ အတုအယောာင်ရွေးကောက်ပွဲအတွက်မဲပေးနိုင်အောင် မရိုးသားတဲ့ ကောက်ကျစ်တဲ့ PR and Propaganda(ဝါဒဖြန့်)လုပ်တာ Freedom (လွတ်လပ်​တာ)မဟုတ်တဲ့ Framing(​ဘောင်သွင်းတဲ့) လုပ်တဲ့ နိုင်ငံရေးပဲ” လို့ နိုင်ကျဥ်း တဦးက​ပြောပါတယ် ။

ဆက်ပြီး​တော့လည်းသူက”လွတ်တဲ့သတင်းတွေတက်မလာသေးပေမဲ့ သရုပ်ဆောင်ခိုင်းသင်းကြည် အမျိူးသားလည်း ၅၀၅ နဲ့ ၃၃(က) ပဲဆိုတော့ သူလည်း လွတ်နီးပဲ သူလည်းလွတ်နိုင်တာပဲ တကယ်စွဲထားတဲ့ နိုင်ငံရေးပုဒ်မတွေ တစ်ခုမှ မပါဘူး တကယ်ဖြေလျော့တာတွေမပါဘူး အင်မတန်မရိုးသားတဲ့ ကောက်ကျစ်စဉ်းလဲတဲ့အပြုအမူပါ”

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တည်ထောင်သူ ကိုသိုက်ထွန်းဦးကလည်း “နောက်ကွယ်က ဘာလို့လွတ်တာလဲဆိုရင် စစ်တပ်ပြောထားတဲ့ လွတ်လပ်တဲ့မျှတတဲ့ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး လွှတ်ပါတယ်ဆိုတဲ့ သတင်းစကားကို ရေးကြရမှာဖြစ်တယ်။ ဒါဟာ မားကတ်တင်းသဘောတရားအရ သူတို့နိုင်ငံရေးအကျဉ်းတွေကို လွှတ်ပေးတယ်ဆိုတဲ့ အမြင်မျိုးကို ပေးချင်တာပေါ့”လို့ ပြောပါတယ်။

ဒါ့​ကြောင့်အခုလိုစစ်အုပ်စုက လွတ်နီး နိုင်ကျဉ်းတွေ လွှတ်ပေးတာဟာ နိုင်ငံရေးအသုံးချတာသာ ဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပါတယ်။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS)က နိုဝင်ဘာ ၂၅ ရက်မှာ မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်(TPS)ကို ရုပ်သိမ်းကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုတွေက ထင်သာမြင်သာ တိုးတက်လာနေပြီလို့ ကြေညာချက်ထုတ်ပြန်အပြီးမှာ စစ်ကောင်စီက ​နောင်တစ်ရက်မှာပဲ မတရားဖမ်းဆီးထားတဲ့သူတွေကို လွတ်ငြိမ်းခွင့်ပေးလာတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲလုပ်ဖို့ တစ်လအလိုမှာ လွတ်ငြိမ်းခွင့်ပေးလာတာလည်း ဖြစ်ပါတယ်။

အခုလိုနိုင်ကျဥ်း​တွေ လွှတ်​​ပေးတာဟာ စစ်တပ်​ရွှေး​ကောက်ပွဲအတွက် ပြည်သူ​တွေကမဲ​ပေးနိုင်ဖို့ဆိုပြီး စစ်​ကောင်စီက အ​ကြောင်းပြထားပါတယ်။

“အနောက်နိိုင်ငံတွေကပါ ရွေးကောက်ပွဲကို တရားမျှတသယောင်ယောင်အသံထွက်လာတာတွေ့ရတယ်ပေါ့။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီးမှ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နိုင်ငံရဲ့အဝေးကိုပြင်ပရောက်နေတဲ့သူတွေကို ထပ်ဖိတ်ခေါ်ပါတယ်ဆိုတဲ့ အင်တာဗျူးကိုဖြေတယ်။ အဲဒါမကြာမီဘဲ ဒီလိုလွတ်ငြိမ်းတွေပေးပါတယ်ဆိုတာ ဒါက တဖက်နိုင်ငံတွေကိုပေါ့နော် တရားမျှတဲ့ ရွေးကောက်ပွဲကို အကောင်းအထည်ဖော်နေပါပြီဆိုပြီး သတင်းစကားပေးချင်တဲ့ ဖန်တီးတဲ့ လုပ်ရပ်လို့ မြင်တယ်”လို့ ကိုသိုက်ထွန်းဦးကဆက်ပြောပါတယ်။

အခြားနိုင်ကျဥ်တဦးကလည်း”အမေရိကန်ကို ဖားလျားပြီး လုပ်တာပါ။သူတို့အနေနဲ့ သဘောထားကြီးတယ်၊ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတာ ပြနေတာ။ရွေးကောက်ပွဲကိုပါ အမေရိကန်လက်ခံလာအောင်လုပ်တာ”လို့​ပြောပါတယ် ။

စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ရက်ညပိုင်းက ကြေညာအပြီး ဒီကနေ့ နိုဝင်ဘာ ၂၇ရက် မနက်ပိုင်းမှာ ပုဒ်မ ၅၀၅ -ကနဲ့ မတရားဖမ်းဆီးအကျဉ်းချထားတဲ့သူတွေကို လွှတ်ပေးနေတာ​တွေ့ရပါတယ်။

ပြန်လွတ်လာသူ​တွေထဲမှာ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကြည်တိုးနဲ့ တကသ ကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူနဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဖိုးသားတို့ လွတ်မြောက်လာတာ တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ထုတ်ပြန်ချက်တွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ မတရား ဖမ်းဆီးခံရသူပေါင်း ၃သောင်းကျော်ရှိခဲ့ပြီး အဲဒီထဲက ၂သောင်းကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သလို ၁သောင်းကျော်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်