Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နဲ့ ခင်ဦး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရဲဘော် ၂ဦးနဲ့ ပြည်သူတစ်ဦး သေဆုံး၊ ကလေးငယ်တွေ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ရဲဘော် ၂ဦးနဲ့ ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တွေပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဘုတလင်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရသည့် နေရာတနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၄၊ ၂၀၂၅။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ရဲဘော် ၂ဦးနဲ့ ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တွေပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၄ ရက် ည ၁၂နာရီခွဲခန့်က ဘုတလင်မြို့နယ် တနေရာက တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ရဲ့ စခန်းတစ်ခုကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ပြီး မုံရွာမြို့ကနေတက်လာတဲ့ စက်တပ်လေထီး (Paramotor) ၂စီးနဲ့ပါ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“၂ ယောက်ကျဆုံးတယ်လို့ သိရပါတယ်”လို့ ဒေသတွင်းရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဘယ်တော်လှန်ရေးအဖွဲ့က ရဲဘော်တွေဆိုတာတော့ မသိရသေးပါဘူး။

အလားတူ ဒီကနေ့(ဒီဇင်ဘာ ၄ရက်) နေ့လယ်ပိုင်းကလည်း ဘုတလင်မြို့နယ်၊ ကံယာရွာ အတွင်းသို့ Gyrocopter ၂စီးနဲ့ လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ (၁၂)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ (၆)နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာကလည်း ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က အရှေ့မြောက်ခြမ်းမှာရှိတဲ့ ငါးတင်းကြီးကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးပေါ်ကျပြီး အမျိုးသမီး တစ်ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် နေအိမ် ၂ လုံးလည်း ပျက်စီးပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့တရက်တည်းမှာဘဲ စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ကနီ၊ ကန့်ဘလူဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်တပ်က နိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို လိုက်လံဖျက်ဆီးနေပြီး ခင်ဦးမြို့က ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ရင် ချက်ချင်းတိုက်ပွဲဖြစ်သွားနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။