Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့အနီး စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၉ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန်ပက်လက်မြို့ကို ၂၀၂၅ ဩဂုတ် ၁၇ရက်က စစ်ကောင်စီလေကြောင်းကနေဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၉ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန်ပက်လက် အပါအဝင် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်က မြို့နယ်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိရာ ဒီကနေ့မှာ ကန်ပက်လက်မြို့ကို ထပ်မံလေကြောင်း တိုက်ခိုက်လာတာပါ။

ဒီကနေ့ ၁၂နာရီခွဲလောက်မှာ တိုက်လေယာဉ် ၃စီးနဲ့ ကန်ပက်လက်မြို့ တနေရာကို ဗုံး ၂လုံးတွဲ ၆ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နောက်ဆုံးအစီး အခုမှ ပြန်တာ။ ပုန်းနေကြတုန်း၊ အရင်ကြဲတဲ့ နေရာတွေနား လို့ပဲ ပြောတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အခြားသတင်းရင်းမြစ်တဦးကလည်း “ မြို့အထက်ဘက်က ဟိုတယ်ဇုန်ဘက် ကြဲတယ်လို့ တော့ သိရပါတယ်။ အဲဒီဘက်မှာ အရပ်သား ပြည်သူတွေ မနေကြဘူးဆိုတော့ အရပ်သား နေအိမ်နဲ့ အရပ်သား ထိခိုက်မှုတော့ မရှိလောက်ဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒီဇင်ဘာ ၂ရက်ကလည်း ကန်ပက်လက်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် အရပ်သား ထိခိုက်မှုမရှိခဲ့ဘူးလို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက အသိပေးထားပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလအတွင်းက ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက် စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာပွဲကျင်းပရာ နေရာအပါအဝင် ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုတုန်းက ရဲမေ တစ်ဦး အပါအဝင် ၃ဦးသေဆုံးကာ ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မင်းတပ်၊ မတူပီမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်နေသလို ဖလမ်းမြို့နယ်ကိုလည်း မြေပြင်ကနေ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။