Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီလေးခုကို ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်း

ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီလေးခုကို ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းလိုက်တယ်လို့ Justice For Myanmar(JFM)က အသိပေးထားပါတယ်။

ဒီဇင်ဘာ-၉၊ ၂၀၂၅။ တေဇ/People’s Spring

ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီလေးခုကို ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းလိုက်တယ်လို့ Justice For Myanmar(JFM)က အသိပေးထားပါတယ်။

ခုနှစ်ဖွဲ့မြောက်ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7)က အိန္ဒိယစစ်လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics Limited (BEL) နဲ့ Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နဲ့ ဂျပန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Sumitomo Corporation တို့မှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ရုတ်သိမ်းကြောင်း ဒီဇင်ဘာ ၈ ရက်မှာ ကြေညာခဲ့တယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။

“ဒီကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ပင်စင်ငွေတွေကို မြန်မာစစ်အုပ်စုဆီ စစ်လက်နက်တွေ ရောင်းချ (သို့မဟုတ်) ရန်ပုံငွေပံ့ပိုးနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့မသင့်ပါဘူး။ ဒါပေမဲ့ ပင်စင်ရံပုံငွေအဖွဲ့တွေအနေနဲ့ ကျွန်ုပ်တို့ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီအားလုံးအပေါ် အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း တရားမဝင်အကြမ်းဖက်စစ်အုပ်စုအတွက် စစ်လက်နက်တပ်ဆင်ပေးနေတဲ့ သို့မဟုတ် ငွေကြေးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေဆီမှာ ဘယ်ရံပုံငွေကိုမှ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်စေဖို့ လုပ်ဆောင်သင့်ပါတယ်” လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့တွေက စစ်ကောင်စီကိုကူညီပံ့ပိုး‌နေတဲ့ ကုမ္ပဏီ ၁၂ ခုမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားတဲ့အပေါ် ရုတ်သိမ်းပေးဖို့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ JFM နဲ့ Swedish Burma Committee (SBC)၊ Fair Finance Guide တို့က တောင်းဆိုခဲ့တာပါ။

အဲဒီလို‌ တောင်းဆိုပြီးနောက်မှာ ဆွီဒင်ပင်စင်ရန်ပုံငွေ အဖွဲ့ မှာ စစ်ကောင်စီကို ပံ့ပိုး‌ နေတဲ့ကုမ္ပဏီတွေကို အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ AP7 က အခုလိုကြေညာခဲ့တာပါ။

AP7 က ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းကြောင်းကြေညာတဲ့ အိန္ဒိယ စစ်လက်နက်ကုမ္ပဏီ BEL နဲ့ HALတို့ကစစ်ကောင်စီ အာဏာသိမ်းတဲ့အချိန်ကတည်းက စစ်လက်နက်ပစ္စည်းတွေအပါအဝင်အခြားပစ္စည်းတွေကိုလည်း ရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။

PTTEP ဆိုရင်လည်း စစ်ကောင်စီအတွက် အဓိက နိုင်ငံခြားငွေရင်းမြစ်ဖြစ်တဲ့ ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုကို စစ်ကောင်စီနဲ့ အတူလုပ်ဆောင်နေတာပါ။

ဂျပန်ကုမ္ပဏီ Sumitomo Corporation ကတော့စစ်‌ကောင်စီ ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ MPT ကို ပူးတွဲကြီးကြပ်လုပ်ကိုင်‌နေတာ ဖြစ်ပြီး တရုတ်အင်တာနက်ပိတ်ဆို့ရေး မဟာရံစနစ် အပါအဝင် ဒီဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်း‌တွေ အတွက် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

SBC၊ JFM ၊ FFG တို့က AP7 ကို လူ့အခွင့်အရေးကတိကဝတ်‌ တွေကို ဖြည့်ဆည်းလုပ်ဆောင်ဖို့ ၊စစ်ကောင်စီနဲဲ့ ဆက်နွှယ်နေမှုအားလုံးကို ဖြတ်တောက်ဖို့ ၊ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေကိုလည်း စစ်အုပ်စုနဲ့ စီးပွားရေးဆက်ဆံမှုအားလုံးကို အဆုံးသတ်ဖို့ တောင်းဆိုသင့်တယ်လို့ အထက်ပါအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

“ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ ရေရှည်တည်တံ့တဲ့အလုပ်အတွက် မှန်ကန်တဲ့ခြေလှမ်းဖြစ်ဖို့ ဒီလိုလုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပင်စင်ရံပုံငွေအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အခြားကုမ္ပဏီတွေကိုလည်း မဖြစ်မနေ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့Fair Finance Guide ရဲ့ တာဝန်ရှိသူ Jakob König က တိုက်တွန်းထားပါတယ်။

Swedish Burma Committee ရဲ့ အမှုဆောင် Kristina Jelmin ကလည်း ” ဒီနေ့ ထုတ်ပြန်ကြေညာချက်ကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ ဆွီဒင်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အကူအညီတွေကို ရပ်တန့်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ငွေတွေက စစ်အုပ်စုကို ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေဆီ မရောက်သင့်ပါဘူး။ စစ်အုပ်စုကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ အသက်ဘဝတွေ စွန့်လွှတ်ကြသူတွေကိုသာ ပံ့ပိုးသင့်ပါတယ်” လို့ အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook