Connect with us

Hi, what are you looking for?

သတင်း

ရခိုင် ၂မြို့နယ်ကို စစ်ကောင်စီ သန်းခေါင်ကျော် အချိန် ထပ်မံဗုံးကြဲ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က မနေ့က ည သန်းခေါင်ကျော်( ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မနက်အစော)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AAက အသိပေးထုတ်ပြန်ပါတယ်။

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က မနေ့က ည သန်းခေါင်ကျော်( ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မနက်အစော)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AAက အသိပေးထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၀ရက်ညပိုင်းက မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲခဲ့လို့ လသားအရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃၃ဦးထက်မနည်းသေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး ဒီဇင်ဘာ ၁၁ရက်နဲ့ ၁၂ရက်တွေမှာ စစ်တပ်က ရခိုင်ဒေသကို လေကြောင်း တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့တာပါ။

ဒီဇင်ဘာ ၁၃ရက်မနက်(မနေ့ည သန်းခေါင်ကျော်) မှာ စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်က ရွာအမည်စုံစမ်းဆဲ ကျေးရွာတရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို ပုဏ္ဏားကျွန်းမြိုနယ်၊ တောင်ပေါက်ပတ်ဝန်းကျင်ကိုလည်းကောင်း ဗုံးကြဲခဲ့ကြောင်း AAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရသေ့တောင်မြို့နယ် ရေပိုက်ဆုံရွာကိုလည်း စစ်တပ်က ညသန်းခေါင်ကျော်အချိန်မှာဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးသတင်းအသိပေးထားပါတယ်။

“သေဆုံး၊ ဒဏ်ရာရလူနာများအခြေအနေအသေးစိတ်ကို ထပ်မံတင်ပြပေးသွားပါမည်”လို့ AAက ထုတ်ပြန်ပါတယ်။

ညသန်းခေါင်ကျော်အချိန် လေကြောင်း စစ်ဆင်ရေး မလုပ်ဆောင်မီကလည်း စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၂ရက် ည ၉နာရီက စတင်ပြီး ပုဏ္ဏားကျွန်းမြိုနယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တောမြိုနယ်၊ သဲခုံရွာ ဝန်းကျင်နဲ့ မြောက်ဦးမြိုနယ်၊ရဲတပ်ရင်း (၃၁) ဝန်းကျင် နေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက Cluster ဗုံးအပါအဝင် ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း AAက အသိပေးထားပြီး လေကြောင်းရန် အထူး သတိထားကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဒီဇင်ဘာ ၁၂ရက်ည ၁၀နာရီ ၅၀ မိနစ်လောက်မှာလည်း ရသေ့တောင်မြိုနယ်၊မူစဲ ကျွန်း ဝန်းကျင် ၊ ရီပိုက်ဆုံ ကျေးရွာကို လေကြောင်း ဗုံးကြဲခဲ့ကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ မြောက်ဦးမြို့ဆေးရုံတိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၁၁ရက်ည မှာလည်း ကျောက်ဖြူမြို့နယ် င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၈ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ AAက အသိပေးထားပါတယ်။

ဒါကြောင့် မြောက်ဦးဆေးရုံလေကြောင်း တိုက်ခိုက်ခံရချိန်ကစလို့ နှစ်ရက်တာအတွင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄၁ ဦးထက်မနည်း သေဆုံးကာ ၈၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီအရေအတွက်ဟာ မြောက်ဦးဆေးရုံနဲ့ ကျောက်ဖြူ င/လုံးစုကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးစာရင်းသာ ဖြစ်ပြီး ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွေအတွင်း လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်အခြေအနေတွေ မသိရသေးပါဘူး။

စစ်ကောင်စီဟာ အာရက္ခတပ်တော်(AA)ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့် တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ ထိန်းချုပ်နယ်မြေတွေကိုလည်း အခုလို လေကြောင်း စစ်ဆင်ရေးတွေအပြင်းအထန်ပြုလုပ်ပြီး တအာင်း၊ ကိုးကန့်တို့ကို တရုတ် အစိုးရအကူအညီနဲ့ အပစ်ရပ်စဲရေး လုပ်ဆောင် နိုင်ခဲ့တာဖြစ်ပြီး အခုလည်း ရခိုင်ဒေသကို လေကြောင်း စစ်ဆင်ရေးအပြင်းအထန် ပြုလုပ်နေတာဖြစ်ပါတယ်။

အလားတူ AA ရဲ့ မဟာမိတ်ဖြစ်တဲ့ချင်းညီနောင်ထိန်းချုပ်ထားတဲ့ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးအင်အားစုတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အရေးယူဖို့တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေကို ပြင်းထန်စွာ တုန့်ပြန်မယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။