Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်မှာ ခရီးသည်တင်ယာဉ်တန်း လေကြောင်းတိုက်ခံရပြီး သံဃာတစ်ပါးအပါအဝင် ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ခရီးသည်တင် ယာဉ် ကားတန်းကို စစ်တပ်က လေကြောင်းကနေ ၁၀ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် ၄ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ‌‌‌‌‌‌‌ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ ခရီးသည်တင်ယာဉ်ကားတွေအပါအဝင် ကားတွေ ပျက်စီးနေစဉ်။ ဓာတ်ပုံ - Wetlet information Network

ဒီဇင်ဘာ-၁၆၊၂၀၂၅၊ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ခရီးသည်တင် ယာဉ် ကားတန်းကို စစ်တပ်က လေကြောင်းကနေ ၁၀ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် ၄ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ‌‌‌‌‌‌‌ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်တောင်ခြမ်းက မအူရွာနဲ့ ရွာသစ် ကုန်းရွာအနီး ပိတ်မိနေတဲ့ခရီးသွားယာဉ်တန်းကို စစ်တပ်က ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ မနက်၁၀နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ရွာသစ်ကုန်းရွာအနီးမှာက ခရီးသွားနေတဲ့ ဘုန်းကြီးကား ပေါ်ကျတာ။ဘုန်းကြီးရော ယာဉ်မောင်း ရောကား ပေါ်ပါအမျိုးသား၂ဦးနဲ့ စုစုပေါင်း ၄ဦးသေတယ်။စုတ်ပြတ်နေတာပဲ ရစရာမရှိဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မအူရွာအနီးကိုလည်း လေကြောင်းတိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ရာ ခရီးသည်တင်ကားတွေပျက်စီးကာ ဖုန်းလိုင်းအခက်အခဲကြောင့် ယခုချိန်အထိ အထိအခိုက်အတည်မပြုနိုင် သေးဘူးလို့ သိရပါတယ်။

Wetlet information Network ကတော့ စစ်တပ် က ရွှေမြို့နယ်ကို ၁နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း သန်းတောတဲတိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ရွှေဘိုမြိုနယ်ကနေ စစ်ရှောင်လာတဲ့ ကုလားမကျေးရွာက‌ ကလေးငယ်အပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။