Connect with us

Hi, what are you looking for?

သတင်း

SRA ဟာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ တပ်ဖွဲ့အားလုံးနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ ချင်းညီနောင်ပြော

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာ တော်လှန်ရေးက တောင်းဆိုလို့ ဖြစ်ပေါ်လာတာဖြစ်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက် စစ်ရေးဖော်ဆောင်သွားမယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

(ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ တွေ့ရတဲ့ ချင်းညီနောင်အဖွဲ့ဝင်များကို ၂၀၂၅ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်)

ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာ တော်လှန်ရေးက တောင်းဆိုလို့ ဖြစ်ပေါ်လာတာဖြစ်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက် စစ်ရေးဖော်ဆောင်သွားမယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၀ရက်မှာ ကျင်းပတဲ့ ချင်းညီနောင် ရံပုံငွေရှာဖွေပွဲမှာ SRA အဖွဲ့ဝင်ဖြစ်တဲ့ ချင်းညီနောင်ရဲ့ တာဝန်ရှိသူက အခုလို အသိပေးခဲ့တာပါ။

“NUG PDF တွေနဲ့ရော ERO တပ်တွေနဲ့ရော ဒီအကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တဲ့ မည်သည့်တပ်နဲ့မဆို ပူးပေါင်းချိတ်ဆက်အလုပ်လုပ်သွားဖို့ အဓိကတော့ စစ်ရေးတွေဖော်ဆောင်ဖို့ရှိပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချင်းညီနောင်အနေနဲ့ ချင်းပြည်အတွင်းတင်မကဘဲ ချင်းပြည်မဟုတ်တဲ့ နေရာတွေမှာလည်း SRAနဲ့ ပူးပေါင်းစစ်ရေးတွေ ဖော်ဆောင်ဖို့ ရှိတယ်ဆိုတာကိုလည်း အသိပေးပါတယ်။

ချင်းညီနောင်က SRAမှာ ပါဝင်ခြင်းဟာ ချင်းပြည်အတွက်မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာမှာ စစ်ရေးဖော်ဆောင်မှု မှာ ပါဝင်ဖို့ လို့လည်း ပြောပါတယ်။

“သတ်မှတ်ထားတဲ့နေရာတွေရှိပါတယ် ဆွေးနွေး တိုင်ပင်ထားကြတာတွေရှိတယ်ပေါ့နော်။ အဲဒီမှာ ဆက်လက်ပြီး ဖော်ဆောင်လာဖို့ ရှိပါတယ်”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

SRA အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ အောက်မှာ မရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အောက်မှာ မရှိဘဲ ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ အဖွဲ့တွေ တစုတစည်းတည်းဖြစ်အောင် စုစည်းခဲ့တာလို့ ရှင်းပြပါတယ်။

“တောင်လှန်ပြည်သူတွေကလည်း တောင့်တတယ် တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ဒါကိုလိုအပ်တယ် ဖြစ်သင့်ပြီလို့ ယုံကြည်တဲ့အခိုက်အတန့်ဖြစ်တယ်။ သူ့ရဲ့အခြေအနေ အချိန်အခါအရ ဖြစ်ပေါ်လာတာပါ” လို့ ဆလိုင်းယောမာန်က SRA စုဖွဲ့မှု ဖြစ်ပေါ်လာပုံကို ပြောပြပါတယ်။ အကယ်၍ အခုထက်စောစောစုဖွဲ့မှု လုပ်ဆောင်ခဲ့ပါက ခိုင်မာတဲ့ အဖွဲ့အစည်း ဖြစ်ချင်မှ ဖြစ်မယ်လို့ သူက ပြောပါတယ်။

အခုလို စနစ်တကျ စုစည်းလိုက်တာဟာ စစ်ရေးဖော်ဆောင်တဲ့အခါ မဟာမိတ်တွေနဲ့ စစ်ရေးထိရောက်စွာ ဖော်ဆောင်လာနိုင်ဖို့ ၊ စနစ်တကျ စုစည်းချိတ်ဆက်တဲ့ ယန္တရား ပေါ်လာဖို့ မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ စစ်ရေးတွေ ထိထိရောက်ရောက်ဖော်ဆောင်နိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။

ဒီလိုမျိုး ပြန့်ကြဲနေတဲ့ တော်လှန်ရေးတပ်တွေကို စနစ်တကျ စုစည်းလိုက်ခြင်းအားဖြင့် အပြန်အလှန် ကူညီလို့ ရလာမှာ ဖြစ်သလို သတင်းအချက်အလက်အားဖြင့် နည်းပညာအားဖြင့် ချိတ်ဆက်လို့ရလာမယ် ကူညီလို့ရလာမယ်ဖြစ်ကြောင်း ရှင်ပြပါတယ်။ဒါ့အပြင် ပဋိပက္ခတွေ ပေါ်လာပါက မဟာမိတ်တပ်ပေါင်းစုအသွင် ရှိနေခြင်းအားဖြင့် ပြဿနာတွေကို ဆွေးနွေးအဖြေရှာလို့ရမယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အမြင်မှာ စိတ်ခံစားချက် ပြင်းထန်ပြီး တော်လှန်ဖို့ပဲသိတယ် ထင်ရာစိုင်းနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု ဆိုတာမျိုးမမြင်ဘဲနဲ့ ညီညွတ်လာတဲ့ ချိတ်ဆက်မှုရှိလာတဲ့ ဘုံရည်မှန်းချက် ရှိတယ်ဆိုတဲ့ တစုတစည်းတည်းရှိလာတဲ့ နိုင်ငံတကာ အမြင် ဖြစ်ပေါ်လာစေမှာ ဖြစ်ကြောင်း ပြောပါတယ်။

SRA စုဖွဲ့မှုကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုတာ ကြေညာချက်ထုတ်ပြန်တာ သဝဏ်လွှာ ပေးပို့တာတွေ ပြုလုပ်ခဲ့ပြီး အတူတကွ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။