Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပြည်သူတွေရေချိုးနေ​ချိန် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ၃၊၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၂ရက် ညနေ ၄နာရီခန့်က မုံရွာမြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ပြည်သူတွေရေချိုးနေချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဂျိုင်ရိုကော်ပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂)နှစ် အရွယ် ကလေးတစ်ဦး လည်ပင်းဗုံးစထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာကင်းထောက် များအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ခွေးတွေချတာက စာသင်ကျောင်းကိုချတာ။စာသင်ကျောင်းပေါ်မကျဘဲနဲ့ ကျောင်းနားက ရွာကရေချိုးကြတဲ့ရေတွင်းနား နှစ်လုံးညှပ်ကျတာဗျာ။ ချတာလည်းနှစ်လုံးပဲ။ စိုးရိမ်ရတဲ့လူတွေလည်းရှိတယ်။ ကလေးတစ်ယောက်ကတော့ အဲနားမှာတင်ပဲဆုံးသွားတာ လည်ချောင်းနဲ့ရင်အုံ အစမှန်ပြီး။ ရေချိုးချိန်ဆိုတော့ အထိများတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ ပေါင်၊ ကျော၊ လက်တို့မှာ ဒဏ်ရာရထားပြီး ဆေးကုသနေရကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ဒီဇင်ဘာတစ်လတည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၅၀ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook