Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင်တွေ ဒရမ်အတူတီး

ထိပ်သီးဆွေးနွေးပွဲ အပြီးမှာတော့ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦးဟာ အတူတွဲဖက်ပြီး ဒရမ်တီးခဲ့ကြပါတယ်။

ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ မွေးရပ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ နာရာမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဧည့်သည်တော် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကို လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဆွေးနွေးမှု အပြီးမှာတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး သီချင်းနှစ်ပုဒ်ကို တကအိချိနဲ့ လီက အတူတွဲပြီး ဒရမ်တီးခဲ့ကြတာပါ။ ဒါဟာ သူတို့နှစ်ဦးကြားက အလုပ်သဘောထက်ပိုတဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို ထုတ်ဖော်ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ အမျိုးသား KPop အဖွဲ့ BTSရဲ့ Dynamite သီချင်းနဲ့ လောလောလတ်လတ် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံး မူရင်း ဇာတ်ဝင်သီချင်းဆု ဆွတ်ခူးထားတဲ့ Golden သီချင်းတို့ကို ပူးပေါင်းပြီး ဒရမ်တီးခဲ့ကြတာပါ။ Golden သီချင်း ပါဝင်တဲ့ ဇာတ်ကား Kpop Demon Huntersဟာလည်း ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံး animation ရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

တကအိချိက ဘယ်လိုဘယ်ပုံ ဒရမ်တီးရသလဲ ဆိုတာကို လီနားလည်အောင် ရှင်းပြပေးခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ နောက်တော့ တကအိချိက လီနဲ့ တောင်ကိုရီးယား အစိုးရ အဖွဲ့ဝင်တွေကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်)ရဲ့ ထိပ်သီးညီလာခံမှာ သူတို့နှစ်ဦး တွေ့ခဲ့ကျတဲ့အခါ လီက ဒရမ်တီးတာဟာ သူ့ရဲ့ အိပ်မက်တစ်ခုလို့ ပြောပြခဲ့ဖူးကြောင်း၊ ဒါကြောင့်လည်း သူအံ့ဩသွားအောင် အခုလို စီစဉ်ထားခဲ့တာဖြစ်ကြောင်း တကအိချိက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အောက်တိုဘာ လကုန်ပိုင်းက အေပက်ညီလာခံအတွက် တောင်ကိုရီးယားမှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းပြန်ဆုံကြတာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သူ တကအိချိဟာ တက္ကသိုလ်ကျောင်းသူ ဘဝတုန်းက ဟဲဗီးမက်တယ် ဂီတအဖွဲ့ တစ်ခုမှာ ဒရမ်တီးခတ်တဲ့ တာဝန်ကို ယူခဲ့ဖူးပါတယ်။ သူ့ရဲ့ အကြိုက်ဆုံး သီချင်းက ဗြိတိန် Rockဂီတအဖွဲ့ Deep Purpleရဲ့ Burnဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောပြခဲ့ဖူးပါတယ်။

ကိုးကား: Kyodo News
ဓာတ်ပုံ – Kyodo

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်မှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်အပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေး ကြေညာချက်တွေကို အာဏာပိုင်တွေက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့က Kiba Parkမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ နဲ့ ၁၂ရက်က ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ ဒုံးကျည် ဖြန့်ကျက်မှုတွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်မှုထက် လွန်ကဲနေပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကိုပါ ချိုးဖောက်ရာ ရောက်နိုင်ကြောင်း တရုတ် အစိုးရက ဝေဖန် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို မတ်လကုန်မှာ စတင် ဖြန့်ဝေပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။

Facebook