Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ လူပျောက်မှုတွေနဲ့ ပတ်သက်ပြီး cကို တရုတ်သတိပေး

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်တယ်လို့ တရုတ်က ကမ္ဘောဒီးယားကို သတိပေးလိုက်ပါတယ်။

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်တယ်လို့ တရုတ်က ကမ္ဘောဒီးယားကို သတိပေးလိုက်ပါတယ်။

ကမ္ဘောဒီးယား အခြေစိုက် ဆိုက်ဘာရာဇဝတ် ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ယူဆရတဲ့ တရုတ် နိုင်ငံသားတွေ ပျောက်ဆုံးနေမှုဟာ အဖြေမရှာနိုင်ဘူးဆိုရင် နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးကြားမှာ ကြီးမားတဲ့ အတားအဆီး ဖြစ်လာလိမ့်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ် သံရုံးရဲ့ WeChat စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။

တရုတ် သံအမတ်ကြီး ဝမ်ဝမ့်ပင်ဟာ ကမ္ဘောဒီးယား အစိုးရရဲ့ ထိပ်တန်း အစိုးရ ဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့ချိန်မှာ ပြည်တွင်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးမှုကို ထိထိရောက်ရောက် အာရုံစိုက် ကိုင်တွယ်ပေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း သံရုံးက ဆိုပါတယ်။

လတ်တလောမှာ တရုတ်နိုင်ငံသားတွေဟာ ကမ္ဘောဒီးယားမှာ ပျောက်ဆုံးသွားတာ၊ ပျောက်ကွယ်သွားတာတွေ ဖြစ်နေတဲ့အပေါ် တရုတ်အနေနဲ့ အထူးတလည် စိုးရိမ်ကြောင်း ဝမ်က ကမ္ဘောဒီးယား ဝန်ကြီးတွေကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးမှု အများစုရဲ့ နောက်ခံ အကြောင်းတရားဟာ အွန်လိုင်း လိမ်လည်မှု ကျားဖြန့် လုပ်ငန်းတွေနဲ့ ဆက်စပ်နေကြောင်း၊ အဲဒီ ကိစ္စတွေက တရုတ်နဲ့ ကမ္ဘောဒီးယားကြားက ခိုင်မာ တည်တံ့ခဲ့တဲ့ ခင်မင်ရင်းနှီးမှုကို ထိခိုက် နှောင့်ယှက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း ဝမ်က သတိပေးခဲ့ပါတယ်။

ကမ္ဘောဒီးယား အစိုးရကတော့ အဲဒီ တရားမဝင် လုပ်ငန်းတွေကို အင်တိုက်အားတိုက် နှိမ်နင်းနေပါတယ်လို့ တုံ့ပြန် အသိပေးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေအရ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားမှာ လူပေါင်း ၁၀၀၀၀၀ လောက်ဟာ ငွေလိမ်ဂိုဏ်းတွေဆီမှာ ဆန္ဒအလျောက်ဖြစ်စေ၊ အတင်းအကျပ် ခိုင်းစေခံရလို့ဖြစ်စေ အလုပ်လုပ်နေကြောင်း သိရပါတယ်။

မူလက ကျားဖြန့်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်စကားပြောသူတွေကို အဓိက ပစ်မှတ်ထား လိမ်လည်ခဲ့ပြီး အဲဒီနောက်မှာတော့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေအဖြစ် ပိုမိုကြီးထွားလာပြီး ကမ္ဘာအနှံ့က ဘာသာစကား အတော်များများကို အသုံးပြုပြီး ငွေကြေး လိမ်လည်မှုတွေ ကျူးလွန်လာပါတယ်။

ကျားဖြန့်ဂိုဏ်းတွေဟာ အဲဒီ လိမ်လည်မှုတွေအတွက် မိခင် ဘာသာစကားပြော ဝန်ထမ်းတွေကို လိုအပ်တဲ့ အတွက်လည်း အွန်လိုင်းကနေ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် အတုတွေနဲ့ သွေးဆောင်ပြီး လူမှောင်ခိုကူးမှုတွေ ကျူးလွန်ကြပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့လည်း သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အာဏာပိုင်တွေကို ဖိအားပေးလာပါတယ်။ ကမ္ဘောဒီးယားဟာ တရုတ် အလိုရှိနေတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ချန်ကျိကိုလည်း မကြာသေးခင်က ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ရေးရာဌာနရဲ့ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ ကျားဖြန့်ဂိုဏ်းတွေ လက်ချက်ကြောင့် နစ်နာဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၃၇ ဘီလီယံလောက်ထိ များပြားနိုင်ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။