Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်မှာ ဆိုးရွားပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုတွေ ကြုံနေရ

အမေရိကန်မှာ နှင်းမုန်တိုင်းတွေ သည်းသည်းထန်ထန် ကျရောက်နေမှုဒဏ်ကို လူသန်းပေါင်းများစွာ သက်ရောက် ခံစားနေရပြီး ဓာတ်အားပြတ်တောက်မှုတွေ၊ ခရီးသွားလာရေး နှောင့်နှေးမှုတွေ ကြုံတွေ့နေရပါတယ်။

အမေရိကန်မှာ နှင်းမုန်တိုင်းတွေ သည်းသည်းထန်ထန် ကျရောက်နေမှုဒဏ်ကို လူသန်းပေါင်းများစွာ သက်ရောက် ခံစားနေရပြီး ဓာတ်အားပြတ်တောက်မှုတွေ၊ ခရီးသွားလာရေး နှောင့်နှေးမှုတွေ ကြုံတွေ့နေရပါတယ်။

အထူးသဖြင့် နယူးယောက်မြို့နဲ့ နိုင်ငံ အရှေ့မြောက်ပိုင်း စင်္ကြံတလျှောက် ဧရိယာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆီးနှင်းတွေ ထူထူထဲထဲ ကျရောက်ပြီး အအေးဓာတ် လွန်ကဲနေခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့က နယူးယောက်မှာ ဆီးနှင်းထုက တစ်ပေလောက် အမြင့်ထိ ကျဆင်းခဲ့ပါတယ်။ ပြီးတော့ ရာသီဥတုကြောင့် အမေရိကန်မှာ လေကြောင်းခရီးစဉ် ၁၅၀၀၀ လောက်ကို ဖျက်သိမ်းရတာ၊ ရွှေ့ဆိုင်းရတာတွေ ဖြစ်ခဲ့ပါတယ်။

ဒါဟာ မနှစ်တုန်းက အမေရိကန်မှာ ဘတ်ဂျတ်ကိစ္စကြောင့် အစိုးရ ယန္တရား ရပ်ဆိုင်းထားရလို့ စရိတ်လျှော့ချခဲ့ရတဲ့ ကာလမျိုးမှာသာ ကြုံတွေ့ရတဲ့ ကိန်းဂဏန်းမျိုး ဖြစ်ပါတယ်။

နောက်ပြီး နှင်းမုန်တိုင်းတွေကြောင့် အတ္တလန္တိတ်ကနေ ကော်လိုရာဒို ပြည်နယ်ထဲထိ အိမ်ပေါင်း ၁၂၀၀၀၀ လောက်ဟာလည်း ဓာတ်အား ပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။ ရာသီဥတု အခြေအနေ ပိုမို ပြင်းထန် ဆိုးရွားလာတာနဲ့အမျှ မီးပြတ်တဲ့ ကိစ္စတွေ ပိုကျယ်ပြန့် ဆိုးရွားလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

နှင်းမုန်တိုင်းတွေ တိုက်ခတ်မှုဟာ အမေရိကန်ရဲ့ ပြည်နယ် ၃၂ ခုထဲက အစိတ်အပိုင်းတွေကို အနည်းနဲ့အများ သက်ရောက်မှု ရှိခဲ့ပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက် ကြုံတွေ့ ခံစားနေရတယ်လို့ သိရပါတယ်။

စျေးကွက် သုတေသန ဌာနတစ်ခုဖြစ်တဲ့ Enki Researchကတော့ နှင်းမုန်တိုင်းတွေ ဂယက်ကြောင့် အမေရိကန်ဟာ ထိခိုက်ဆုံးရှုံးမှုပမာဏ ဒေါ်လာ ၂၄ ဘီလီယံလောက်ထိ နစ်နာနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်မှာလည်း လာမယ့် ရက်ပိုင်းအတွင်း အပူချိန်ဟာ ရေခဲမှတ်အောက် ဆက်လက်ကျဆင်းပြီး အနုတ် ၁၃ နဲ့ ၁၅ ဒီဂရီကြားလောက် ရောက်ရှိနေနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ဝါရှင်တန်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ၇ ရက်ဆက်တိုက် ရေခဲမှတ်အောက် အပူချိန် ကျဆင်းမှုကိုလည်း ကြုံတွေ့ခဲ့ပါတယ်။

တချို့နေရာတွေမှာ ဆီးနှင်းခဲတွေကို စတင်ဖယ်ရှား ရှင်းလင်းနေပြီ ဖြစ်ပေမယ့် မိုးလေဝသ ပညာရှင်တွေက နောက်ထပ် နှင်းမုန်တိုင်းတွေဟာ ဖေဖော်ဝါရီ လဆန်းလောက်မှာ တိုက်ခတ်ဦးမယ့် အရိပ်အယောင်တွေ တွေ့နေကြောင်း ဆိုပါတယ်။ ဒါပေမဲ့ အဲဒီတစ်ကြိမ် ရာသီဥတု အခြေအနေတွေက ဘယ်လောက် ဆိုးရွားမလဲ ဆိုတာကိုတော့ မှန်းဆလို့ မရသေးကြောင်း သိရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။