Connect with us

Hi, what are you looking for?

သတင်း

သေနတ်ဖြင့်ပစ်ခံရတဲ့ထိုင်းရဲအရာရှိကို ကျူးလွန်သူ​တွေရဲ့မိသားစုဝင်​နဲ့မိတ်​ဆွေ​တွေသွား​ရောက်​တောင်းပန်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲတပ်ကြီးကို‌ ကျူးလွန်ခဲ့တဲ့ PDF ရဲ​ဘော်​ဟောင်း​တွေရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက သွားရောက်တောင်းပန်ရာ ထိုင်းရဲအရာရှိကခွင့်လွှတ်ကြောင်းပြောခဲ့ပါတယ်။

​သေနတ်နဲ့အပစ်ခံရပြီး ဒဏ်ရာရ ထိုင်းရဲတပ်ကြပ်ကြီးကိုကျူးလွန်သူရဲ့မိသားစုဝင်နဲ့မိတ်​​ဆွေ​​တွေကဆေးရုံသို့သွား​ရောက်​တောင်းပန်စဥ်။ ဓါတ်ပုံ-Alice Honey

■ထိုင်းရဲအရာရှိကခွင့်လွတ်​နားလည်ကြောင်း​ပြော

ဇန်ဝါရီ-၂၆၊၂၀၂၆။သတိုး/Peiople’s Spring

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲတပ်ကြီးကို‌ ကျူးလွန်ခဲ့တဲ့ PDF ရဲ​ဘော်​ဟောင်း​တွေရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက သွားရောက်တောင်းပန်ရာ ထိုင်းရဲအရာရှိကခွင့်လွှတ်ကြောင်းပြောခဲ့ပါတယ်။

“ရဲအရာရှိမိသားစုမှလည်း အပြစ်တွေကိုတွေခွင့်လွှတ်ကြောင်း ပြန်ပြောပါတယ်ခင်ဗျ။တမင်ရည်ရွယ်ချက်ရှိရှိ မှားတာမဟုတ်ကြောင်းကိုလည်း သူနားလည်ကြောင်းပြောပါတယ်။” လို့ သွားရောက်တောင်းပန်ရာမှာပါဝင်တဲ့ ကော်ဘရာစစ်​ကြောင်းကရဲဘော်ဟောင်း ကိုလပြည့်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရဲကို သေနတ်နဲ့ပစ်ခဲ့တဲ့ ​ကော်ဘရာစစ်​ကြောင်းကရဲ​ဘော်​ဟောင်း နဂါးကြီး နဲ စိုးကြီးတို့ ရဲ့ မိသားစုတွေနဲ့ အတူ ကော်ဘရာစစ်ကြောင်းက ရဲဘော်ဟောင်းသူငယ်ချင်းတွေကဒီကနေ့(ဇန်နဝါ

ရီ ၂၆)မှာသွားရောက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံကနေလာတဲ့သူတိုင်းက အခက်အခဲနဲ့လာကြတယ်။ မိဘတွေကို ပိုက်ဆံပေးချင်လို့လာကြတယ်ဆိုတာသူနားလည်တယ်။ သူ့ကိုပစ်လိုက်တဲ့အပေါ်မှာ အမှုကဘယ်လောက်ကျမယ်ဆိုတာတော့သူမသိဘူး။ ဒါပေမယ့် သူ့ကိုပစ်ခတ်တဲ့အပေါ်မှာတော့ ခွင့်လွှတ်ပေးတယ်။” လို့ ထိုင်းရဲက သွားရောင်းတောင်းပန်သူတွေကို ဘာသာပြန်ကတဆင့် ပြောပါတယ်။

သွားရောက်တောင်းပန်ရာမှာပါဝင်သူ Alice Honeyအကောင့်ပိုင်ရှင်ကလည်း ထိုင်းရဲတပ်ကြပ်ကြီးက တရားခံကိုလည်း သူခွင့်လွှတ်ပါတယ်၊ ​ငွေမရှိလို့လုပ်မိတာကိုလဲ သိရပါတယ်၊ တရားဥပဒေအရရင်ဆိုင်ပြီး ပြန်လွှတ်လာတဲ့အခါမှာလည်းကောင်းရောင်းကောင်းဝယ်လုပ်စားဖို့ပဲ အကြံပေးချင်ပါတယ်လို့ ​ပြောကြားလိုက်တယ်လို့​ဖေစ်ဘွခ်မှာရေးသားထားပါတယ်။အ​ကောင့်ပိုင်ရှင်က​ ရဲတပ်ကြပ်ကြီးအတွက် ​အခင်းဖြစ်ပြီး​နောက်ရက်မှာ သွေးသွား​ရောက်လှူဒါန်း​ပေးခဲ့​ပေးပါ​သေးတယ် ။

နဂါးကြီး ၊စိုးကြီးရဲ့ မိသားစုဝင်​တွေနဲ့ မိတ်​ဆွေ​တွေက စကားပြန်ကတဆင့် ​တောင်းပန်းခဲ့ကြပြီး ထိုင်းရဲအရာရှိကလည်း စကားပြန်ကတဆင့်​ပြောခဲ့ကြတာဖြစ်ပါတယ် ။ ရဲတပ်ကြပ်ကြီးက ​ဆေးရုံကဆင်းရင် နဂါးကြီး နဲ့ စိုးကြီး ဆီကိုသွားမယ်လို့​ပြောတယ်လို့သွား​ရောက်​တောင်းပန်တာမှာကိုယ်

တိုင်ပါဝင်ခဲ့တဲ့ကိုလပြည့်က​ပြောပါတယ်။

“လူသားဆန်မှုတွေကို ကျနော်တို့ကိုယ်တိုင်တွေ့မြင်လိုက်ရတာမို့ မျက်ရည်ပင်ကျမိပါတယ်။ ခုလိုနားလည်ခွင့်လွတ်ပေးတဲ့ ရဲအရာရှိတို့မိသားစုကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်းလည်း ပြောကြားချင်ပါတယ်ခင်ဗျ”လို့

ကိုလပြည့်က People’s Spring ကို​ပြောပါတယ်။

ထိုင်းရဲကို မြန်မာလူငယ်နှစ်ဦးက ဇန်နဝါရီ ၂၀ ရက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး တစ်ဦးကိုနေရာမှာတင် ဖမ်းဆီးနိုင်ခဲ့သလို အခြားတစ်ဦးကလည်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောဆီမှာ အဖမ်းခံခဲ့တာကြောင့် ထိုင်းအာဏာပိုင်ထံ ဇန်နဝါရီ ၂၂ ရက်မှာ အပ်နှံပေးခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းရဲက သေနတ်သယ်လာတယ်လို့ သတင်းရတာကြောင့် စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီ့နေရာက 7/11စတိုးဆိုင်နဲ့လည်းနီးတာကြောင့် လုယက်မှု ၊ ပစ်ခတ်မှုတွေ ဖြစ်မှာစိုးတာကြောင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သေနတ်နဲ့ပစ်သူတွေရဲ့ အခြေ

အနေကို နားလည်ကြောင်းနဲ့ သူ့အနေနဲ့ ခွင့်လွှတ်ကြောင်း ထိုင်းရဲက ပြောခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူနှစ်ဦးဟာ ကော်ဘရာစစ်

ကြောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေဖြစ်ပြီး လက်ရှိမှာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်နေတာပါ။နှစ်ဦးစလုံး ပန်းရံအလုပ် လုပ်ကိုင်ကြပေမယ့် လုပ်ခလစာမရှင်းပေးတာကြောင့် သေနတ်သယ်ပေးတဲ့ အလုပ်ကို တစ်ဦး ဘတ်၂၅၀၀ နဲ့ လက်ခံခဲ့တာလို့သိရပါတယ်။ကျူးလွန်ပြီး အမှားသိတဲ့အတွက် ဗိုလ်ဒါ​ဘောဆီမှာသွားအဖမ်းခံခဲ့သလို အမှားအတွက် ထိုင်းရဲတပ်ကြပ်ကြီးကို​ ​တောင်းပန်လို​ကြောင်း စိုးကြီး နဲ့ နဂါးကြီးတို့က ထိုင်းရဲစခန်းက ရဲ​တွေကတဆင့် သတင်းစကား စပါးခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ကျန်ခဲ့တဲ့မိသားစုနဲ့ မိတ်​ဆွေ​တွေက ထိုင်းရဲအရာရှိကို​တောင်းပန်ရင်း ​ငွေ​ကန်​တော့လို​ကြောင်း​ပြောတဲ့အခါ ကျန်ခဲ့တဲ့မိသားစုဝင်​တွေရဲ့​ငွေဆိုရင်မလိုချင်​ကြောင်း​ပြောပါတယ် ။ မိသားစုဝင်​တွေရဲ့​ငွေမဟုတ်ပဲ မြန်မာနိုင်ငံသား​တွေက ရဲတပ်ကြပ်ကြီးအတွက် စိတ်မ​ကောင်းဖြစ်​နေကြ​ကြောင်း နဲ့ ကန်​တော့ဖို့ဝိုင်းဝန်ထည့်ဝင်ထားတာဖြစ်တယ်လို့​ပြောမှ ​ငွေလက်ခံခဲ့တာကို ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းမှာ​တွေ့ရပါတယ် ။

“မြန်မာပြည်သူတွေအနေနဲ့ သူ့ကိုပံပိုးကူညီဆုတောင်းပေးသလိုမျိုး၊ အချုပ်ကျနေသော ညီငယ်များနှင့် ကျန်ရစ်သူမိသားစုဝင်များနဲ့ ကလေးငယ်ကို ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ကိုလည်း သူ့အနေနဲ့တိုက်တွန်းပါတယ်။”လို့ ကိုလပြည့်က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။