Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံထဲမကောင်းတဲ့ စွမ်းအင်တွေ၀င်လာတယ် လို့ ထိုင်းရဲတစ်ဦး​​ပြော

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သြဂုတ်-၇၊၂၀၂၆။​ဇော်ဝင်း/People’s Spring

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

နခွန်ပထုမ်ခရိုင် ဒွန်တုမ်ရဲစခန်း က ထိုင်းရဲတပ်ဖွဲ့၀င် Manot Saensila က သူ့ရဲ့လူမှုကွန်ယက်ကတဆင့် သြဂုတ် ၇ ရက် ည​နေပိုင်းမှာအခုလို​ရေးထားတာဖြစ်ပါတယ်။

“กิดอะไรขึ้นกับประเทศไทยทำให้เกิดเหตุการณ์โศกนาฏกรรมขนาดนี้(တကယ်တော့ ထိုင်းနိုင်ငံထဲကို မကောင်းတဲ့ စွမ်းအင်တွေ ဝင်ရောက်လာနေတယ်လို့ ခံစားရပါတယ်”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူထိုင်းလို့​ရေးထားတာက ထိုင်းနိုင်ငံမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ ဘာလို့ဒီလောက် ကြီးမားတဲ့ အဖြစ်ဆိုးကြီး ဖြစ်လာရတာလဲ လို့​မေး​ရေးထားတာဖြစ်ပါတယ် ။တဆက်တည်းမှာ မြန်မာဘာသာနဲ့ တကယ်တော့ ထိုင်းနိုင်ငံထဲကို မကောင်းတဲ့ စွမ်းအင်တွေ ဝင်ရောက်လာနေတယ်လို့ ခံစားရပါတယ် လို့ဆက်​ရေးထားတာပါ။

ဒီကနေ့ ထိုင်းနိုင်ငံဘန်‌ကောက်မြို့ နွန်ထဘူရီစာသင်ကျောင်း တွင်းပစ်ခတ်မှု​ကြောင့် ပစ်ခတ်ခဲ့တဲ့​ကျောင်းသားအပါအဝင် ဆရာ၊ဆရာမ နဲ့​ကျောင်းသား​ကျောင်းသူ​စုစု​ပေါင်းအနည်းဆုံး ၇ ဦးနဲ့ ​ပစ်ခတ်တဲ့​ကျောင်းသားရဲ့ အဖိုး ၊အဖွားတို့​သေဆုံးခဲ့သလို ၁၅ ဦးဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရ ​ကျောင်းသား ၂ ဦးကဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရဆဲဖြစ်ပါတယ် ။

ဒါ့အပြင် ကန်ချနာဘူရီမှာ နေ့ကလေးထိန်းကျောင်းကိုကားက ဝင်တိုက်ခဲ့တာ​ကြောင့် က​လေးငယ် ၁၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဥ် ၂ ခုမှာ မြန်မာအာဏာသိမ်း​ခေါင်းဆောင်မင်း​အောင်လှိုင် ထိုင်းနိုင်ငံရောက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

Manot Saensila ဟာ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားမြန်မာတွေကို ကူညီနေသူတစ်ဦးလည်းဖြစ်ပြီး မြန်မာမိတ်ဆွေတွေ ရှိတယ်လို့ပြောဖူးပါတယ်။ မြန်မာနိုင်ငံသား​တွေကို ကူညီတာ​ကြောင့် ထိုင်း​ရောက်မြန်မာ ​ဖေစ်ဘွခ်သုံးစွဲသူ​တွေကြား လူသိများပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းသွားရင် ပုဂံကို သွားလည်ပြီး မြန်မာပြည်ရဲ့ အလှအပနဲ့ ယဉ်ကျေးမှုကို ကိုယ်တိုင်မြင်ချင်ကြောင်းလည်း ရင်ဖွင့်ထားပြီး မြန်မာပြည်သူအားလုံး ကျန်းမာဘေးကင်းပြီး ငြိမ်းချမ်းတဲ့နေ့တွေ အမြန်ဆုံး ပြန်ရောက်ပါစေလို့ ထိုင်းရဲတပ်ဖွဲ့၀င်က ဆုတောင်း​ပေးဖူးပါတယ်။

အဆိုပါရဲ ရဲ့ ​ဖေစ်ဘွခ်ပိုစ်ကို ထိုင်းနိုင်ငံသားတဦးကလည်း “မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့လို့လေ… မကောင်းတဲ့ကံက အခု ပြန်သက်ရောက်လာတာပေါ့။ အစကတည်းက သူ့ကို ဝင်ခွင့်မပေးနဲ့လို့ပြောထားတာပဲ…”လို့ မှတ်ချက်ပြုပါတယ် ။

အဆိုပါထိုင်းရဲရဲ့ ပိုစ်ကို မြန်မာ​ဖေစ်ဘွခ်အသုံးပြုသူအများအပြားကပြန်လည်မျှ​ဝေသလို ၊ရာနဲ့ချီပြီးလည်း မှတ်ချက်ပြုကြပါတယ်။

“ထိုင်းနိုင်ငံအတွက်စိတ်မကောင်းပါဘူး တကယ်တော့အဲ့ဒါလူသတ် မုဒိမ်းကျင့် ဓားပြတိုက် ခိုးဆိုးလုနှိုက်တို့ရဲ့ခေါင်းဆောင်ကြီးလာလို့ပါ”လို့ မြန်မာတဦးကမှတ်ချက်ပြုပါတယ်။

အခြားမြန်မာတဦးကလည်း”ရဲမှူးကြီးခင်ဗျာ့ အဲ့ဒါ​ မင်းအောင်လှိုင်ကြောင့်ပါ အဲ့ကောင်က မြန်​မာနိုင်ငံက ဘုန်းတော်ကြီး ၊သက်ကြီးရွယ်အိုး ၊လူငယ်​ကလေး​ ဆေးရုံးနဲ့စာသင်ကျောင်းလူနေအိမ်တွေကို နေ့စဥ်​ဗုံးကျဲ​သတ်ဖြတ်နေတဲ့​ ရာဇဝတ်ကောင်ပါ” လို့​ရေးသားထားပါတယ်။

“မကောင်းဆိုးဝါးဝင်တာနဲ့ချက်ချင်းမကောင်းသတင်းကြားရတော့တာပဲထိုင်းနိုင်ငံသားများအထူးဂရုစိုက်ကြပါ”လို့ မြန်မာတဦးကလည်းမှတ်ချက်ပြုထားပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook