Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်ကကျေးရွာတွေမှာအကွက်ရိုက်မြေအချို့ဖယ်ရှားခံရ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။

ကျွဲနွားထောက်ရွာ အနီးက မြေကွက်အချို့ ဖယ်ရှားခံရပုံ

ဇန်နဝါရီ – ၂၆ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြင်ဦးလွင်မြို့အနီးက ငါးရံချောင်း ၊ ပင်လိန် ၊ သပြေရေ ၊ ကျွဲနွဲထောက် စတဲ့ ကျေးရွာတွေအနီးက အုတ်တံ တိုင်း ခတ်ထားတဲ့ မြေကွက်ကိုဘူဒိုဇာသုံးပြီး ရှင်းလင်းနေတာပါ။

အဲဒီမြေကွက်တွေမှာကျေးရွာအပိုင်ထဲမပါဘဲရွာမြေတိုးချဲ့ဆိုပြီးရောင်းချ ၊ ဝယ်ယူထားတဲ့မြေတွေဖြစ်ပေမယ့်စိုက်ပျိုးမြေ ၊ သစ်တောမြေပိုင်နက်ထဲပါပြီး လူနေထိုင်ခွင့် ၊ အကွက်ရိုက်ခွင့်မရှိတာကြောင့် ရှင်းလင်းနေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အဓိကကတော့စိုက်ပျိုးမြေတွေပေါ် အကွက်ရိုက်ကြတာကအရင်က တည်းကရှိနေတာ၊ ရှင်းတုန်းခဏပဲ ပြီးရင် ပြန်ဆောက်ကြပြန်တာ”လို့ ပြင်ဦးလွင်ဒေသခံတစ်ဦးကပြောပါတယ်။

ပြင်ဦးလွင်မှာအကွက်ရိုက်မြေကွက်တွေကိုဝယ်ရောင်းတာတွေကစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီးမှာပိုများလာတာဖြစ်ပြီးအိမ်ခြံမြေ အကျိုးဆောင်တွေက ဧကလိုက်ဝယ်ပြီး အကွက်ရိုက်ကာ ရောင်းချသလို ၊ လူမှုကွန်ရက်နေ မြေပုံပြပြီး ရောင်းချတာတွေရှိခဲ့ပါတယ်။

အကွက်ရိုက်မြေစတင်ဝယ်ယူချိန်မှာမြေအမျိုးအစား အာမခံပေးတာ ၊ ရှေ့နေ စစ်ဆေးချက် ၊ ရွာအုပ်ချုပ်ရေးမှုးတွေရဲ့ လက်မှတ်တွေပါရနိုင်မယ်ဆိုတဲ့ မက်လုံးပေး ရောင်းချမှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့်အခုလို ရှင်းလင်းခံရချိန်မှာတော့ ရောင်းချပေးတဲ့ မြေပွဲစားတွေဘက်က တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့သိရပါတယ်။

ပြင်ဦးလွင်ဒေသခံတစ်ဦးပြောပြတာကတော့ အဲဒီလိုမြေကွက် အကွက် ရိုက် ရောင်းချမှုတွေမှာ စစ်ကောင်စီတပ်ရဲ့ အရာရှိပိုင်းတွေ​၊ နီးစပ်သူတွေပါ ပါဝင်ကြပြီး စီးပွားရေးအကျိုးအမြတ်ဖြစ်ထွန်းသွားကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်အုပ်စုစီစဥ်တဲ့ ပန်းပွဲတော်ကိုလည်ပတ်သူတွေများလို့ ဟိုတယ်အများစု အခန်းပြည့်နေကြောင်း သွားရောက်လည်ပတ်ကြမယ့်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ၈ထပ်ရေတံခွန်တောင်မှာ ရေကစားသူ ၅ဦး တောင်ကျရေကြောင့် အောက်ကိုပြုတ်ကျခဲ့ရာ ရုရှားနိုင်ငံသားတဦးကိုကယ်နိုင်​​ပေမယ့်အမျိုးသမီးနှစ်ဦးသေဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးက အသိပေးထားပါတယ်။