ဧပြီ-၂၀၊၂၀၂၆။ရှိန်း/People’s Spring
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်တပ် အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ ၊ပျူစောထီးနဲ့စည်ပင်တို့ ပူးပေါင်းပြီး ကျူးကျော်လို့အကြောင်ပြဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကိုဂရမ်ချကာပြန်လည်ရောင်းချ နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကျီကုန်းရပ်ကွက်နဲ့ သင်ပန်းကုန်းရပ်ကွက် ကနေ အိမ်တွေကို စစ်ဗိုလ်ချုပ်အငြိမ်းစားတွေ၊ပျူ၊စည်ပင်နဲ့ အုပ်ချုပ်ရေး မှူးတို့ ပေါင်းကာ ဖျက်ဆီးခဲ့ပြီး အဲဒီလူတွေကပဲ ဂရံချကာ ပြန်လည် ရောင်းချ နေတာလို့ စုံစမ်းသိရပါတယ်။
သင်ပန်းကုန်းရပ်ကွက်မှာဆိုရင် ပေ၃၀×ပေ၄၀ မြေတစ်ကွက်ကိုကျပ်သိန်း၆၀၀၀ကျော်ကနေကျပ်သိန်း၁၀,၀၀၀အထိ ဈေးပေါက်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
“ ကျွန်မတို့ရဲ့ ချွေနည်းစာလေးတွေပေါ့။အကုန်လုံးရဲ့မျက်ရည်တွေ စုထားတဲ့မြေကွက်တွေပါ။လုပ်ရက်လိုက်ကြတာ” လို့ ၂၀၂၃ခုနှစ်ကနေအိမ်ဖျက်ဆီးခံခဲ့ရတဲ့အမျိုးသမီးတဦးကပြောပါတယ်။
ဒီနေရာတွေကို စစ်တပ်က လယ်ယာမြေကို ကျူးကျော် ထားတာဆိုပြီးစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်က နေ ၂၀၂၅ခုနှစ်အထိ ဆက်တိုက် နေအိမ်တွေကို လူမိုက် တွေပါငှားရမ်းပြီး ဘူဒိုဇာ တွေနဲ့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အဲဒီနေရာကိုသိမ်းထားပြီး စစ်တပ်က ရှေ့တန်းမှာ သေခဲ့တဲ့ စစ်သားမိန်းမ တွေအတွက် မုဆိုးမ အိမ်ယာဆိုပြီး တိုက်ခန်း တွေလည်း ဆောက် ပေးထားတာရှိသလို ၊ရပ်ကွက်ကြီးတွေအလိုက်စစ်ဗိုလ်ချုပ်တွေက မြေကွက်တွေကို ပြန်ရောင်းနေတာလို့ သိရပါတယ်။
လက်ရှိ မန္တလေးမြို့မှာသိန်းကြီးပိုင်း မြေအရောင်းအဝယ်ပြုလုပ်သူ အိမ်ခြံ မြေအကျိုး တော်ဆောင် တဦးက “ ဒီမြေတွေ ရောင်းချမှုကို ကျွန် တော်တို့က လုံးဝလုပ်မပေးပါဘူး။ဒီမြေကသူတို့(စည်ပင်က)လယ်ယာ မြေ ဆိုပြီး ပြန်သိမ်းထားတဲ့ သိမ်းဆည်း မြေလို့ ခေါ်ပါတယ်။ဂရမ်ပေါက်လို့ ပြောရောင်းပေးမယ့်တကယ်ဂရမ် မပေါက် သေးပါဘူး။ဒါပေမယ့် နန်းတွင်းထဲက ဗိုလ်မှူးအဆင့်လောက်ကတောင် ဂရမ်ဖောက်ပြီး မြေရောင်း နေတော့ ဂရမ်နာမည် ပေါက်လုပ် ပေးမယ်ဆိုပြီး ရောင်း နေကြတာက တော့ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ဒီမြေတွေဟာ ပြည်ကြီးတံခွန်မြို့နယ်၊စက်မှု(၂)လို့ခေါ်တဲ့နေရာဖြစ်ပြီးမြို့နယ်နိမိတ်ထဲမှာပဲရှိပါတယ်။စစ်တပ်က ဒီနေရာကိုပဲ ပြောင် ပြောင်တင်းတင်းသိမ်းယူကာ မုဆိုးမ အိမ်ယာဆောက်ပြီးမြို့အသစ်တခုလို လုပ်ထားတာလို့ ဒေသခံ တွေကပြောပါတယ်။
ဒီမြေ ကွက်တွေကို ရောင်းချ နေသူကို လူထုနွေဦးဆက်သွယ်မေးမြန်းကြည့်ချိန်မှာ “ VIP နေရာမို့ ဝယ်ထားသင့်ပြီးမီးလည်း မပျက်တဲ့ နေရာဖြစ်တယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပြည်ကြီးတံခွန်မြို့နယ်ထဲက ပေါက်ကိုယ် တော်ရဲ့တပည့်ပျူ ခေါင်း ဆောင် စံရှားကို စစ်တပ်က အလယ်ပိုင်းတိုင်းစစ်ဌာနကချုပ်က ဆင်းဖမ်းတဲ့အမှုဖြစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲက မြေယာကိစ္စဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး တဦးနဲ့ သွားညိရာက ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ ပြည်သူ နေအိမ်တွေကို ဖျက်ဆီးပြီးအပြိုင် မြေလုယာကနေ ပျူစောထီးအဖွဲ့တချို့ လက်နက်ဖြုတ်သိမ်းခံထားရသလို ရပ်ကွက်အုပ်ချုပ် ရေးမှူးနှစ်ဦးလည်း အမှု ရင်ဆိုင် နေရဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ဒါပေမယ့်စစ်တပ်က အငြိမ်းစားစစ်တပ်အရာရှိတွေကြီးစိုး နေတဲ့ မန္တလေး စည်ပင်နဲ့ နန်းတွင်းက စစ်အရာရှိ ဟောင်း တွေပေါင်းပြီး ဒီမြေ တွေကို ဂရမ် ပြောင်းကာ ဆက်ပြီးရောင်းချ နေတာလို့ မြို့ခံ တွေက ပြောပါတယ်။
ရွေးကောက်ခံအရပ်သားအစိုးက NLD လက်ထက်မှာ မန္တလေးမြို့ တော်ဝန် ဒေါက်တာရဲလွင်က မြေဂရမ်ကိစ္စ တွေကို ပြန်လည်စိစစ် အရေးယူခဲ့ချိန်မှာ အဲဒီတုန်းက စစ်တပ်က မိုးကျ ရွှေကိုယ် စစ်ဗိုလ် ဟောင်း( စည်ပင်ဌာနမှူး) တချို့ သတင်းစာထဲ နာမည်ပျက်စာရင်းနဲ့ ရာထူးကအနားခံရသလို ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာတွေလည်းရှိခဲ့ပါတယ် ။























































