Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ ပန်းပွဲတော်လည်ပတ်သူများလို့ ဟိုတယ်တွေအခန်းမရတော့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်အုပ်စုစီစဥ်တဲ့ ပန်းပွဲတော်ကိုလည်ပတ်သူတွေများလို့ ဟိုတယ်အများစု အခန်းပြည့်နေကြောင်း သွားရောက်လည်ပတ်ကြမယ့်သူတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့တွင် လာလည်သူများပြား၍ ယာဥ်ကြောပိတ်ဆို့နေစဥ်။ ဓာတ်ပုံ-Phyoe Wai Art Blog

ဒီဇင်ဘာ-၂၀၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်အုပ်စုစီစဥ်တဲ့ ပန်းပွဲတော်ကိုလည်ပတ်သူတွေများလို့ ဟိုတယ်အများစု အခန်းပြည့်နေကြောင်း သွားရောက်လည်ပတ်ကြမယ့်သူတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်တပ်ကစီစဥ်ပြုလုပ်တဲ့ ပန်းပွဲတော် စတင်​နေပြီဖြစ်ပြီး သွားရောက်လည်ပတ်သူတွေများလို့ ဒီဇင်ဘာလကုန်အထိ ဟိုတယ်အများစု အခန်းပြည့်နေတယ်လို့ သွားဖို့စီစဥ်နေသူတွေက ပြောပါတယ်။

“လကုန် သွားဖို့ ဘွတ်ကင်လုပ်တာ ဟိုတယ်တွေတော်တော်များများ ပြည့်နေတာ”လို့ အသက် ၂၀ ကျော်အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟိုတယ်တွေအပြင် တည်းခိုခန်းတွေ၊ လုံးချင်းအငှားတွေမှာပါ ကြိုတင်မှာယူထားသူတွေနဲ့ပြည့်နေတယ်လို့ သွားဖို့စုံစမ်းနေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် မနေ့က ကရင်နှစ်သစ်ကူးနေ့ကစတင်ပြီး ရုံးပိတ်ရက် ၃ရက်ဆက်ဖြစ်တာကြောင့် ပြင်ဦးလွင်သွားရောက်သူများလို့ အနီးစခန်းအထိ ကားတွေပိတ်ခဲ့ကြောင်း သွားခဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြင်ဦးလွင်မြို့အပြင် အခြားဒေသအသီးသီးမှာပါ ပွဲလမ်းသဘင်တွေလုပ်ခိုင်းပြီး အေးချမ်းသယောင်ပုံရိပ်ကိုပြသကာ ရွေးကောက်ပွဲကိုလု​ပ်ဖို့ ပြင်ဆင်​နေပါတယ်။

မန္တလေးတိုင်းမြောက်ဘက်ခြမ်း စဥ့်ကူးနယ်ထဲမှာတော့ တော်လှန်ရေးနယ်မြေတွေကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ဝင်ရောက်လာလို့ ပြည်သူတွေ တိမ်းရှောင်နေရပါတယ်။ စဥ့်ကူးကနေ စစ်ကိုင်းတိုင်းဘက် ထွက်ပြေးတိမ်းရှောင်သူတွေကို ခင်ဦးမြို့နယ်အရှေ့ခြမ်းက ဆိပ်ကမ်းနှစ်ခုမှာ စစ်တပ်က ဂျက်ဖိုက်တာ ၅စီးနဲ့ လေကြောင်းတိုက်ခိုက်လို့ မန္တလေး-စဉ်ကူးနယ်က ဒေသခံ ၇ဦးခန့်သေဆုံးခဲ့ကာ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ၈ထပ်ရေတံခွန်တောင်မှာ ရေကစားသူ ၅ဦး တောင်ကျရေကြောင့် အောက်ကိုပြုတ်ကျခဲ့ရာ ရုရှားနိုင်ငံသားတဦးကိုကယ်နိုင်​​ပေမယ့်အမျိုးသမီးနှစ်ဦးသေဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးက အသိပေးထားပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းအပြီးကတည်းက ၄နှစ်ကျော်ကြာ လုံခြုံရေးကြောင့် အပြင်မထွက်ရဲတဲ့ ပြင်ဦးလွင်မြို့က စစ်တပ်ရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မ​တော်နည်းပညာတက္ကသိုလ် (DSTA)က ဗိုလ်လောင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။