Connect with us

Hi, what are you looking for?

သတင်း

NLD အစိုးရလက်ထက်ကျန်းမာ​ရေးဝန်းကြီး​ဒေါက်တာမြင့်ထွေး ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံတစ်ခုမှာ မနေ့က ကွယ်လွန်ခဲ့ပါတယ်။

(​ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ကျန်းမာ​ရေးဝန်ကြီး ဒေါက်တာမြင့်​ထွေးကို​တွေ့ရစဥ်။ဓါတ်ပုံ-Moh)

ဇန်နဝါရီ-၂၇၊၂၀၂၆။မိထက်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံတစ်ခုမှာ မနေ့က ကွယ်လွန်ခဲ့ပါတယ်။

အသက် ၇၈ နှစ်အရွယ်ဒေါက်တာမြင့်ထွေးဟာ နှလုံးရောဂါအပါအဝင် ကျန်းမာရေးအတွက်ဆေးကုသမှုခံယူစဉ် ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီ ၄၃ မိနစ်က ကွယ်လွန်ခဲ့တာလို့ NLD အစိုးရလက်ထက် ဝန်ကြီးတစ်ဦးကပြောပါတယ်။

ဒေါက်တာမြင့်ထွေးကွယ်လွန်ကြောင်းကိုညီဖြစ်သူ ဦးမင်းဟန်ထွေးကလည်း လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်ဆေးတက္ကသိုလ် (၁)ကနေ ဆေးပညာဘွဲ့ ရရှိခဲ့ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အရှေ့တောင်အာရှရုံးမှာ ဒေသဆိုင်ရာအကြံပေးအဖြစ် ၁၆ နှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဦးမြင့်ထွေးဟာ NLD အစိုးရလက်ထက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာပါ။

ဒေါက်တာမြင့်​ထွေးဟာ ၂၀၂၀ခုနှစ် မြန်မာနိုင်ငံကို ကမ္ဘာ့ကပ်​ရောဂါကိုဗစ် ကူးစက်ပျံ့နှံ့လာချိန်မှာ ကာကွယ်ကုသ​ရေးဦး​ဆောင်ခဲ့သူ​တွေထဲက တစ်ဦးလဲ ဖြစ်ပါတယ်။​ရွေး​ကောက်ခံ အရပ်သားအစိုးရရဲ့ ကမ္ဘာ့ကပ်​ရောဂါ ကာကွယ်တိုက်ဖျက်​ရေးစွမ်း​ဆောင်မှုကို ပြည်သူ​တွေက​ရော နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့ကြပါတယ်။

၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက် ဒေါက်တာမြင့်ထွေးလည်း ​ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ပြန်လွတ်လာပြီး​နောက် ရာထူးကနေနှုတ်ထွက်ကြောင်း ဒေါက်တာမြင့်ထွေးကကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။