Connect with us

Hi, what are you looking for?

သတင်း

အီရန်ကို တိုက်ခိုက်ခြင်းဟာ ဒေသတွင်း စစ်ပွဲကြီး စတင်ခြင်း ဖြစ်လိမ့်မယ်လို့ အစိုးရ ခေါင်းဆောင် သတိပေး

အီရန်ကို ပစ်မှတ်ထားလာတဲ့ ဘယ်လို စစ်ရေးတိုက်ခိုက်မှုမဆို ဒေသတွင်း စစ်ပွဲကြီး အဆင့်ထိ ကျယ်ပြန့်သွားစေနိုင်တယ်လို့ အီရန် အစိုးရ ခေါင်းဆောင်က သတိပေး ပြောကြားလိုက်ပါတယ်။

အီရန်ကို ပစ်မှတ်ထားလာတဲ့ ဘယ်လို စစ်ရေးတိုက်ခိုက်မှုမဆို ဒေသတွင်း စစ်ပွဲကြီး အဆင့်ထိ ကျယ်ပြန့်သွားစေနိုင်တယ်လို့ အီရန် အစိုးရ ခေါင်းဆောင်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ စစ်ရေးအခြေအနေတွေ တင်းမာနေပြီး အီရန်တဝိုက်မှာ အမေရိကန်တပ်တွေ အလုံးအရင်း ဖြန့်ကျက်လာနေချိန်မှာ အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ စစ်ပွဲကို သူတို့စလိုက်ပြီ ဆိုတာနဲ့ ဒေသတွင်း စစ်ပွဲကြီး စဖြစ်လိမ့်မယ် ဆိုတာကို နားလည်သင့်ကြောင်း ခါမေနီက အီရန် အစိုးရ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ Tasnim သတင်းဌာနဆီ ပြောဆိုသွားခဲ့ပါတယ်။

အစောပိုင်းကတည်းက အီရန် အစိုးရ အရာရှိ တချို့က အမေရိကန်သာ စတင်တိုက်ခိုက်လာရင် အရှေ့အလယ်ပိုင်း ဒေသတွင်း အာရပ်နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေကို အီရန်က ပစ်မှတ်ထား လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါ့အပြင် အီရန်ရဲ့ ခါးသီးရန်ဘက် အစ္စရေးဟာလည်း အီရန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံလာရနိုင်ခြေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြီးခဲ့တဲ့လမှာ အီရန် အာဏာပိုင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့မှုကို စွက်ဖက်ဖို့ အတွက်ရော၊ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ စွန့်လွှတ်ရေး ဖိအားပေးဖို့ အတွက်ပါ အီရန်ကို စစ်ရေးအရ အရေးယူနိုင်ခြေရှိကြောင်း သတိပေးထားပါတယ်။

ထရမ့်က အီရန်အနေနဲ့ စစ်ပွဲကို ရှောင်ဖို့ အမေရိကန်နဲ့ အလေးအနက် ဆွေးနွေးမှုတွေ စတင်နိုင်ရေး စဉ်းစားနေပြီလို့ ပြောကြားခဲ့ပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ အီရန်ဟာ အပြန်အလှန် လေးစားမှုရှိပြီး ဘက်ညီမျှတတဲ့ ဆွေးနွေးမှုမျိုးကိုသာ လက်ခံစဉ်းစားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အမေရိကန်နဲ့ တခြား ညှိနှိုင်းရေး မိတ်ဖက်တွေဟာ အီရန်ဆီက ယုံကြည်မှုကို ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့လည်း ဒေသတွင်းက ဖော်ရွေတဲ့ နိုင်ငံတချို့ဟာ အမေရိကန်နဲ့ ပြန်လည် ညှိနှိုင်းပေးနိုင်ရေး ကြိုးစား စေ့စပ်ပေးနေသလို အဲဒီ အားထုတ်မှုတွေကလည်း ရလဒ်ပိုင်းအရ ကောင်းကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ အာရက်ချီက မှတ်ချက်ပေးသွားပါတယ်။

အီရန်ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးဖြစ်တဲ့ အလီ လာရီဂျာနီကတော့ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမှုတွေ လုပ်ကြမလဲဆိုတဲ့ မူဘောင်တစ်ခုကို ညှိနှိုင်းနေပြီး တိုးတက်မှုတွေ ရှိလာနေတယ်လို့ အစောပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

လတ်တလောမှာတော့ အမေရိကန်ဟာ အီရန်ရဲ့ အိမ်နီးချင်း နိုင်ငံတွေဆီ ခေတ်မီ စစ်လေယာဉ်တွေ ဖြန့်ကျက် ပို့ဆောင်နေသလို လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincoln ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်ကလည်း အရှေ့အလယ်ပိုင်း ရေပြင်ဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီနောက် အီရန်ကလည်း နိုင်ငံရဲ့ ကမ်းလွန်ရေပြင်ဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားနားမှာ လက်နက် အစစ်တွေ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – EPA

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။