ဖေဖော်ဝါရီ-၂၊၂၀၂၆။ သုည/People’s Spring
နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်အာဏာသိမ်း (၅)နှစ်ပြည့် လူထုသပိတ်လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ မြန်မာအရေးလှုပ်ရှားသူတွေက စစ်အာဏာသိမ်း (၅) နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ကို ရှုတ်ချကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက “ Say No Just Trap Myanmar’s Shame Elections Crab” ၊ “ Free Daw Aung San Su Kyi & Political Prisoners” စတဲ့ စာသားတွေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး ပြန်လည်လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement


ဒါ့အပြင် ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာလည်း မြန်မာတွေ စုပေါင်းပြီး နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တော်လှန်ရေး (၅)နှစ်ကြာကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မြန်မာပြည်သူတွေ ဆုတောင်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး “ ဆက်၍တော်လှန်ရုံမှတစ်ပါး အခြားမရှိ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။


ဓာတ်ပုံ – CJ



















































