Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထု၊မီအယ်ရွာကိုစစ်တပ်ဗုံးကြဲ CDM

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာမတွေနဲ့ ကလေးငယ်တွေအပါအဝင် ငါးဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာမနဲ့က​လေးငယ်​​တွေအပါအဝင် ၅ဦး​ထက်မနည်းသေဆုံး ၊ ၂ဦးဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီ- ၅၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာမတွေနဲ့ ကလေးငယ်တွေအပါအဝင် ငါးဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့(ဖေဖော်ဝါရီ ၅ ရက်)ညနေ ၅ နာရီဝန်းကျင်က ဆောမြို့နယ်ကျောက်ထုတိုက်နယ်အရှေ့ခြမ်းက မိအယ်ကျေးရွာကို မကွေးလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာက ပေါင်၅၀၀ ဗုံးနှစ်လုံးနဲ့ကြဲသွားတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရွာတည့်တည့်ကိုကြဲတာ။ငါးဦးသေတယ်။နှစ်ဦးဒဏ်ရာရတယ်။သားအမိနှစ်တွဲလေးဦးနဲ့ ကျန်အမျိုးသားတဦး။CDM ကျောင်းဆရာမ သားအမိနှစ်ဦးလည်းပါတယ်”လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောပါတယ်။

အသက် ၇၀ ဝန်းကျင် အမျိုးသမီး တစ်ဦး၊အသက် ၅၀ကျော် နဲ့အသက်၄၀ကျော် အမျိုးသမီးနှစ်ဦး၊အသက်၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက်၁၀နှစ်အောက်မိန်းကလေးငယ်တစ်ဦးတို့သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒါအပြင် အသက်၅၀ကျော် အမျိုးသမီးနှစ်ဦးလည်း ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိတယ်လို့ သိရပါတယ်။

“ကျောမြို့ရဲ့ မြောက်ထက် နှစ်မိုင်ခန့်အကွာကရွာ။အကြောင်းမဲ့ပါဗျာ။လူစုလူဝေးလဲ မလုပ်ဘူး”လို့ ယောဒေသခံတစ်ဦးက ပြောပါတယ်။

​သေဆုံးသူအချို့ရဲရုပ်အ​လောင်း​တွေဟာ ဆိုးရွာစွာပျက်စီး​နေကြတာကို People’s Spring ရရှိထားတဲ့သတင်းဓါတ်ပုံ​တွေထဲမှာ​တွေ့ရပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်တပ်ဟာ ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေကို လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

​ဖေ​ဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းက တန့်ဆည်၊ဒီပဲယင်း နဲ့ ကရင်နီပြည်နယ်က မော်ချီး ဒေသ တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပါတယ်။

(ဗုံးကြဲပြီး​နောက်အပျက်အစီး​တွေနဲ့ အပျက်အစီး​တွေကြားရုပ်အ​လောင်း​တွေကို ရှာ​ဖွေ​နေကြတဲ့​ဒေသခံ​တွေ ။ဓါတ်ပုံ-​ပေးပို့ )

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။