Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော် ခလရ(၅၈)တပ် ကာကင်း ၂ခုသိမ်းရထားဟု KIAပြော

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်မြို့က စစ်ကောင်စီရဲ့ ခလရ(၅၈) တပ်ရင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️ဖားကန့်နဲ့ ဗန်းမော်မှာလည်း တိုက်ပွဲဆက်ရှိ

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်မြို့အပါအဝင် ကချင်ဒေသစစ်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ အပေါ် ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ရှင်းလင်း ပြောပြပေးတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ဝိုင်းမော်ဘက်မှာ ဖေဖော်ဝါရီ ၄ရက်နေ့မှာ ခလရ(၅၈)ရဲ့ လုံခြုံရေးယူထားတဲ့ ကာကင်းပို့စ် ၂ခု သိမ်းရတာရှိပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုဖြစ်ပါတယ်။ မပခကလည်း ဝိုင်းမော်ဘက်ကိုအင်အားတွေ ဖြည့်ထားတာတွေ့ရပါတယ်။ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ဒရုန်းနဲ့ပစ်တာတွေ တော့ ရှိပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ရက်မှာ မြေပြင်တိုက်ပွဲမရှိပေမယ့် စစ်ရေးတင်းမာနေဆဲလို့ အသိပေးပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ဘက်မှာလည်း ဇန်နဝါရီ ၃၀ရက် ညကနျွှေလဤစတဲ့ တိုက်ပွဲဟာ ဒီကနေ့အထိ မငြိမ်သေးဘဲ စစ်ကောင်စီရဲ့ ထိုးစစ်ကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတဲ့ အနေအထားဖြစ်ကြောင်း ပြောပါတယ်။

“သူတို့ စစ်ကြောင်းကတော့ ဆိပ်မှော်ဘက်ကို ဦးတည်ပြီးတော့တက်လာတာကိုတွေ့ရပါတယ်။ကြည့်ရတာ အင်းတော်ကြီးဘက်မှာလည်း သူတို့ အင်အားတွေ ထပ်ပြီးမှ SNA အင်အားတွေ ပေါင်းပြီးမှ ထိုးထားတာတွေ့ရပါတယ်။ ဆိုတော့ အင်းတော်ကြီးဘက်က စစ်ကြောင်းနဲ့ ဖားကန့်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းတွေကတော့ ဝေခါလမ်းကြောကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေတာလားလို့ပေါ့နော် အဲဒီလို သုံးသပ်ထားတာရှိပါတယ်။ဒါကြောင့် တိုက်ပွဲက ဆက်ပြီးမှ ဖြစ်နိုင်ဖွယ်ရှိပါတယ်ဆိုတာ အကြောင်းကြားလိုပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်နဲ့ဖားကန့်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာတဲ့ သတင်းတွေရှိပေမယ့် KIA ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

ဗန်းမော်မြို့မှာလည်းတိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီ စခန်းကြီးတွေ သိမ်းနိုင်တာမျိုးတော့ မရှိပေမယ့် စစ်ကောင်စီတပ် ခြေကုတ်ယူထားတဲ့ နေရာအချို့ကို ရှင်းလင်းနိုင်တာရှိတယ်လို့ ပြောပါတယ်။

” သူတို့ထိုးဝင်လာတဲ့ နေရာတွေကို သူတို့ ခြေကုပ်စခန်းတွေကိုတော့ ကျနော်တို့ဘက်က ရှင်းနိုင်တဲ့နေရာတွေတော့ ပါပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါဘအပြင် ဗန်းမော်မြို့ဘက်မှာ လေကြောင်းတွေအရမ်းပြင်းထန်လို့ ရှင်းလင်းထားနိုင်တဲ့ နေရာတွေမှာ KIAဘက်က တပ်စွဲနေဖို့ အဆင်မပြေလို့ ပြန်ဆုတ်ခွာတာမျိုးဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။