Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ကြီးဂမ်ရှောင်အပါအ၀င် လုပ်သက်နှစ် ၅၀ပြည့်သူသုံးဦးကို KIO ဆုချီးမြှင့်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသလို လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဂမ်ရှောင် အပါအဝင် ဝန်ထမ်းလုပ်သက် နှစ်(၅၀)ပြည်သူ ၃ဦးကို KIOက ရွှေတံဆိပ်ဆုပေးအပ်ခဲ့ပါတယ်။

၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ တွေ့ရတဲ့ KIO ဒုဥက္ကဋ္ဌ ဂွမ်ထန်ဂမ်ရှောင်။ ဓာတ်ပုံ - The Kachin Net

ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသလို လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဂမ်ရှောင် အပါအဝင် ဝန်ထမ်းလုပ်သက် နှစ်(၅၀)ပြည်သူ ၃ဦးကို KIO က ရွှေတံဆိပ်ဆုပေးအပ်ခဲ့ပါတယ်။

(၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၅ရက်က ကျင်းပခဲ့စဉ် KIO ဒုဥက္ကဋ္ဌ ဂွမ်ထန်ဂမ်ရှောင်၊ KIO ဗဟိုပညာရေးရုံး အခြေခံပညာရေး ညွှန်ကြားရေးမှူး Htawngng Yaw Sau နဲ့ KIA စစ်ဌာနချုပ်က ဒုဗိုလ်ချုပ်ကြီး Udi Awng တို့ကို ရွှေတံဆိပ်ဆုပေးအပ်ခဲ့တာလို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် KIO/KIA အစိုးရမှာ တာဝန်ထမ်းဆောင်တဲ့ ၁၀နှစ်ပြည်၊ ၂၀နှစ်ပြည့်၊ ၃၀နှစ်ပြည့်နဲ့ ၄၀နှစ်ပြည့် သူတွေကိုလည်း ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စုစုပေါင်း ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့တဲ့ ဝန်ထမ်း ၁၄၁၄ ဦးရှိတယ်လို့ အသိပေးပါတယ်။

ကချင်တော်လှန်ရေးနေ့ကို KIO ဗဟို ဌာနချုပ် လိုင်ဇာအပါအဝင် KIO အုပ်ချုပ်ရာ နေရာဒေသတွေနဲ့ ပြည်ပရောက်ကချင်လူမျိုး တွေက အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။