Connect with us

Hi, what are you looking for?

သတင်း

တရုတ်ရိုးရာ ခြင်္သေ့အက အဖွဲ့ဟန်ဆောင်ပြီး သူခိုးဖမ်းခဲ့တဲ့ ထိုင်းရဲတွေ

သူခိုးတစ်ယောက်ကို လက်ရဖမ်းဖို့အတွက် ထိုင်းရဲတွေဟာ တရုတ်ရိုးရာ ခြင်္သေ့အက ဝင်ပြီးကခဲ့ကြပါတယ်။

သူခိုးတစ်ယောက်ကို လက်ရဖမ်းဖို့အတွက် ထိုင်းရဲတွေဟာ တရုတ်ရိုးရာ ခြင်္သေ့အက ဝင်ပြီးကခဲ့ကြပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ တရုတ်ရိုးရာ ခြင်္သေ့အက ကပြသူတွေအဖြစ် ဟန်ဆောင်ထားတဲ့ ရဲတွေဟာ သံသယ လုံးဝမဝင်တဲ့ ပစ်မှတ်နားကို အောင်အောင်မြင်မြင် ချဉ်းကပ်သွားပြီး ရုတ်တရက် ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ ထိုင်းရဲတပ်ဖွဲ့က အခုသီတင်းပတ်၊ တရုတ်နှစ်သစ်ကူး ကာလထဲမှာ အဲဒီ ဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဖမ်းဆီး ခံခဲ့ရသူကတော့ ဒေါ်လာ ၆၄၀၀၀ လောက် တန်ဖိုးရှိတဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ တခြား အမွေအနှစ် ပစ္စည်းတွေကို ခိုးယူခဲ့သူ တစ်ဦးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်းတုန်းက ရဲတွေဟာ တရုတ်ရိုးရာ ခြင်္သေ့ အကအဖွဲ့သားတွေရဲ့ အဝါရောင်နဲ့ အနီရောင် ဝတ်စုံတွေကို ဝတ်ပြီး သူတို့ရဲ့ မစ်ရှင်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းတုန်းက ဘန်ကောက် ဆင်ခြေဖုံးက အိမ်တစ်အိမ် ဖောက်ထွင်းခံရမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူကို ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အထောက်အထား မလုံလောက်တဲ့ အခြေအနေမှာ ရဲတွေဟာ သံသယ တရားခံကို သီတင်းပတ်တချို့ ကြာတဲ့ထိ သေချာ စောင့်ကြည့်ခဲ့ရပြီး နောက်ဆုံးမှာတော့ တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်း တစ်ခုနားက ခြင်္သေ့အက အဖွဲ့နဲ့ ပူးပေါင်းပြီး အခုဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရဲအရာရှိတွေက သံသယ တရားခံနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်ရင်း အဆုံးသတ်မှာတော့ လက်ရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သံသယရှိသူဟာ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ခိုးမှုဆိုင်ရာ မှတ်တမ်းဟောင်းတွေ ရှိနေသူ တစ်ဦးလို့လည်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးကို အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်မှုမှာ ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နှစ်ဦးကို တရားရုံးမှာ စွဲချက်တင်ထားပြီလို့ စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကလေးထိန်း ကျောင်းတစ်ခုကို တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကိစ္စနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက စစ်ဆေးခဲ့တယ်လို့ အလုပ်သမားရေးရာ ဝန်ကြီးက ပြောပါတယ်။