Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရဲနှစ်ဦးကိုပစ်သတ်ခဲ့တယ်လို့ယုံကြည်ရသူနှစ်ဦးကိုအသေဖမ်းမိ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဓာတ်ပုံ - Bangkok Post

သြဂုတ် – ၅ ၊၂၀၂၆

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နာရာသီဝတ် ပြည်နယ်ထဲမှာ ဩဂုတ် ၅ ရက်နေ့က အဲဒီ သံသယရှိသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ်မှုမှာ သူတို့ကို အသေပစ်ခတ် နှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ရဲတွေက ကြံရာပါလို့ ယူဆရသူ နောက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဲဒီတစ်ယောက်ကတော့ သံသယရှိသူတွေ အစောပိုင်းက လွတ်မြောက်သွားအောင် အဓိက ကူညီပေးခဲ့သူအဖြစ် ရဲတွေက ယူဆထားပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၅ ရက်နေ့ မနက်အစောပိုင်းက နာရာသီဝတ်ပြည်နယ်ရဲ့ တက်ခ်ဘိုင်ခရိုင်ထဲကဘန်နမ်တော့ ကျေးရွာနားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စီးနင်းမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က တက်ခ်ဘိုင်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရေး မစ်ရှင်မှာ ပါဝင်နေသူ ရဲနှစ်ဦး ပစ်သတ်ခံခဲ့ရပြီး နောက်ထပ်သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သေနတ်သမားတွေဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဘန်နမ်တော့နားက တဲအိမ်တစ်လုံးမှာ ပုန်းခိုနေကြောင်း စုံစမ်းရေး အရာရှိတွေက ခြေရာခံ သိရှိလာပါတယ်။

ရဲတွေကတဲတွေကို ဝိုင်းထားချိန်မှာ အထဲကနေ စတင်ပစ်ခတ်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ သံသယ တရားခံတွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား နဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသား နှစ်ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။

သေဆုံးသွားသူနှစ်ဦးထဲက တစ်ဦးကတော့ အရင်ကလည်း ခိုးမှုနဲ့ မူးယစ်မှောင်ခိုမှု ပြစ်ချက်ဟောင်းတွေ ရှိနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရဲတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ သံသယရှိသူတွေ လုယူသွားခဲ့တဲ့ သေနတ်နှစ်လက်ကိုလည်း တဲထဲမှာ ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ ဒဏ်ရာရ အရာရှိ တစ်ဦးဆီက လုယက်သွားခဲ့တဲ့ ပစ္စတို တစ်လက်လည်း ပါဝင်ပါတယ်။

ဩဂုတ် ၂ ရက်နေ့က ဖြစ်စဉ်မှာတော့ ရဲတွေက မူးယစ်မှောင်ခိုမှုနဲ့ ပတ်သက်လို့ ရှာဖွေစစ်ဆေးနေချိန်မှာ သေနတ်သမားတွေက စတင်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။

ရဲတပ်ဖွဲ့ဟာ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယရှိသူ ၁၄ ဦးထိ ဖော်ထုတ်တွေ့ရှိထားပြီး ၁၂ ဦးကိုတော့ ဖမ်းဆီးရမိထားပါတယ်။

အဲဒီ ထိန်းသိမ်းခံရပြီး စစ်ဆေးနေသူတွေထဲမှာ လတ်တလော သေဆုံးသွားသူနှစ်ဦး အစောပိုင်းက လွတ်မြောက်နိုင်အောင် ကူညီပေးခဲ့သူ တစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။