Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဒုဗိုလ်ချုပ်ကြီးတက်တဲ့ ချင်းအမျိုးသားနေ့ပွဲ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ပွဲပျက်သွား

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆။ People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၀ရက် မနေ့က အခမ်းအနားကို တက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်လည်း ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့်သွားတယ်လို့ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့ ရုပ်သံနဲ့အတူ CDF ဟားခါးက ထုတ်ပြန်ခဲ့ပါတယ်။

အခမ်းအနားနေရာကိုသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ရှိမရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်အုပ်စုက ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားကို ဘယ်လိုပုံစံနဲ့မှ မသွားရောက်ကြဖို့နဲ့ မည်သည့်အဖွဲ့၊ လူပုဂ္ဂိုလ်မှ မပူးပေါင်းကြဖို့ အလေးအနက် တိုက်တွန်းကြောင်းကြေညာချက်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၇ရက် ကတည်းက ထုတ်ပြန်ထားတာပါ။

ချင်းအမျိုးသားနေ့ နဲ့ပတ်သက်ပြီး စစ်ကောင်စီက အတုအယောင်ကျင်းပမယ့် အခမ်းအနားဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း CDF ဟားခါးက ဖော်ပြခဲ့ပါတယ်။

ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အထိမ်းအမှတ်ပြုသော သမိုင်းဝင်နေ့ဖြစ်ပေမယ့် အာဏာသိမ်းစစ်အုပ်စုက သူတိုရဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ အတွက်သာ အသုံးချနေတာကို လုံး၀ လက်မခံနိုင်ကြောင်းလည်း အသိပေးထားပြီး ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို တားမြစ်ခဲ့တာပါ။

CDF ဟားခါးအနေနဲ့ စစ်ဆင်ရေးတွေ မလုပ်ဆောင်မီ လူထုဘေးကင်းရေးအတွက် သတိပေးချက်တွေ ကြေညာချက်တွေ ကြိုတင်ထုတ်ပြန်လေ့ရှိပါတယ်။

ဖေဖော်ဝါရီ ၁၂ရက် ဟားခါးမြို့ စစ်ဆင်ရေး မဖော်ဆောင်မီ ဖေဖော်ဝါရီ ၉ရက်ကလည်း ဟားခါးမြို့အနီးအနား တောတောင်တွေမှာ ညဘက် သွားလာတာ မလုပ်ဖို့ လူထုကို အသိပေးထားပါတယ်။

နောက်နောင်မှာလည်း စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ကျောထောက်နောက်ခံပြုနေတဲ့ မည်သူ့ကိုမဆို စစ်ရေးအရ ထိရောက်စွာအရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Trending

Facebook