Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတိုက်ပွဲအတွင်း စစ်ဗိုလ်တစ်ဦး သေဟု ပကဖပြော

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ် “မီးရှို့ကိုကို”ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးပြီး လက်နက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော ရဲဘော်များအား တွေ့ရစဥ်။ သိမ်းဆည်းရမိသောလက်နက်အား တွေ့ရစဥ်။ ဓါတ်ပုံ-ခင်ဦးပကဖ)

ဖေဖော်ဝါရီ-၂၅၊ ၂၀၂၆ ​ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ် “မီးရှို့ကိုကို”ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးပြီး လက်နက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီ၂၄ ရက် ညနေ ၆နာရီခန့်က ခင်ဦးမြို့အနောက်ဘက် ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက်ကို ဆေးရုံမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်က အင်အား ၄၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲဒီ စစ်ကြောင်းဟာ သံချပ်ကာယာဉ်ကို အကာအကွယ်ယူပြီး လမ်းတလျှောက်ရှိ ပြည်သူ့နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ဆန်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းကို ခင်ဦးမြို့နယ် ပကဖ၊ UG ပကဖနဲ့ တိုက်နယ်ပကဖ ပူးပေါင်းအဖွဲ့တွေက နာရီပိုင်းအကြာတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ ကျော်ကိုကိုဦး (ခ)မီးရှို့ကိုကို သေဆုံးခဲ့ပြီး အခြား စစ် ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိကာ ဆုတ်ခွာသွားခဲ့တယ်လို့ ခင်ဦးပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ၎င်းစစ်ကြောင်းကနေ MA-1 သေနတ် (၁)လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“နာမည်တွင်တာက သေဆုံးတဲ့ စကမ ဗိုလ် ကိုယ်တိုင်က မီးရှို့မယ်ချည်းအမြဲ ခြိမ်းခြောက် ပြီး သူ့ကိုယ်သူ မီးရှို့ ကိုကိုဆိုပြီး ပြောဆိုခဲ့မှုကြောင့်ပါ”လို့ ခင်ဦးပကဖအဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ်သေဆုံးတာနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါပေမယ့် သေဆုံးစစ်ဗိုလ်ကို ဒီကနေ့ နေ့လယ် ၁ နာရီခွဲမှာ ခင်ဦးမြို့တောင်သုဿန်မှာ မီးသင်္ဂြိုလ်မယ်လို့ စုံစမ်းသိရပါတယ်။

သေဆုံးသူ ဗိုလ်ကျော်ကိုကိုဦး (ခ) မီးရှို့ကိုကိုဟာ ရန်ကုန် တမဟ-၄ မှဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘိုနယ်စပ်တိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်ကြီးမင်းထက်နေရာမှာ အစားထိုးဝင်ရောက်လာသူဖြစ်ကြောင်း ခင်ဦးပကဖက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က ကျေးရွာတစ်ရွာကို အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ သားအဖနှစ်ဦး​သေဆုံးပြီး ကလေး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။