Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအရှိန်ပိုမြင့်နေဆဲဖြစ်လို့ စစ်ကောင်စီအောက်ခြေစစ်သည်တွေ ပြည်သူ့ဘက် ပူးပေါင်းဖို့ ပြည်သူ့ပန်းတိုင်တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင်က တနိုင်ငံလုံး နေရာအနှံ့ဗုံးကြဲပြီး တော်လှန်ရေးမီးတောက်ကို အရှိန်မြှင့်ပေးနေတုန်းဖြစ်တာကြောင့် အောက်ခြေစစ်သည်တွေ အိမ်ပြန်ရေး ဝေးသထက် ဝေးလာသလို ရှင်ကျန်ရေးကလည်း အင်မတန် ခက်ခဲလာပြီဖြစ်လို့ အခွင့်သာတာနဲ့ပြည်သူထံ လက်နက်ချ ပူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

(ထားဝယ်မြို့နယ် မောင်မယ်ရှောင်တိုက်ပွဲအတွင်း ဖမ်းဆီးတဲ့ စစ်သုံ့ပန်းတွေ။ ဓာတ်ပုံ - ဒူရကစစ်ကြောင်း)

▪️ဖေဖော်ဝါရီ တတိယပတ်မှာ အလင်းဝင်၊လက်နက်ချနဲ့ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၄၅ဦးရှိ

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင်က တနိုင်ငံလုံး နေရာအနှံ့ဗုံးကြဲပြီး တော်လှန်ရေးမီးတောက်ကို အရှိန်မြှင့်ပေးနေတုန်းဖြစ်တာကြောင့် အောက်ခြေစစ်သည်တွေ အိမ်ပြန်ရေး ဝေးသထက် ဝေးလာသလို ရှင်ကျန်ရေးကလည်း အင်မတန် ခက်ခဲလာပြီဖြစ်လို့ အခွင့်သာတာနဲ့ပြည်သူထံ လက်နက်ချ ပူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ပုံမှန် တင်ဆက်နေကျ စစ်ကောင်စီရဲ့ ပြေးဟ ပရောဂျက် အခုတပတ် အစီအစဉ် ဖော်ပြချက်မှာ အခုလိုတိုက်တွန်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတု ကျင်းပပြီးစီးခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်သူမှ အသိအမှတ်မပြုသလို ဘယ်နေရာမှလည်း ငြိမ်းချမ်းသွားဖို့ မရှိ၊ ငြိမ်းချမ်းဖို့ လမ်းမမြင်သေးဘူးလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲပြီးရင် နိုင်ငံရေးကောင်းမယ် ငြိမ်းချမ်းမယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေကို လိမ်ညာ ဝါဒဖြန့်ထားတာပါ။

ပြည်သူ့ပန်းတိုင် ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၁၅ရက်ကနေ ၂၁ ရက်အတွင်း အလင်းဝင် ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပမ်း စစ်ကောင်စီ တပ်သား၊ ရဲနဲ့ ပြည်သူစစ် အရေအတွက်တွေကိုလည်း အသိပေးဖော်ပြထားပါတယ်။

အလင်းဝင်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သား ၂၁ဦး၊ လက်နက်ချ စစ်ကောင်စီတပ်သားနဲ့ ရဲ ၂၁ဦး၊ အလင်းဝင်တပ်သား ၃ဦး စုစုပေါင်း ၄၅ဦး ရှိတယ်လို့ အသိပေးထားပါတယ်။ ဒါဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မီဒီယာတွေမှာ ဖော်ပြထားတာတွေကို စုစည်းထားတာဖြစ်လို့ အမှန်တကယ် အလင်းဝင်၊ လက်နက်ချ၊ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ ၄၅ဦးထက်ပိုမိုနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ ဖေဖော်ဝါရီတတိယပတ်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၂၉၄၈ ဦးရှိပြီလို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲပြီးရင် နိုင်ငံရေးပြောင်းမယ်ဆိုတာ စစ်တပ်ရဲ့ ချွေးသိပ်မှုသာဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ပြောကြားထားပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိအသက်နဲ့ဘ၀ ပြန်ရဖို အလင်းဝင်တာ၊လက်နက်ချတာကသာ တခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ခေါင်းဆောင်တွေက လက်အောက်ငယ်သားစစ်သည်တွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး သူတို့အတွက် အသေခံမတိုက်သူတွေကို အပြတ်ရှင်းမယ်ဆိုတဲ့ သတင်းစကားပေးတာလို့ ပြည်သူ့ပန်းတိုင်က သုံးသပ်ထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၄၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဒီကနေ့...

သတင်း

စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များကို ဆက်လက်တာဝန်မထမ်းဆောင်လိုသော အထက်ပါအရာရှိနှင့်တပ်သားတို့သည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတစ်ခုသို့ စစ်ဘက်သုံးလက်နက်များစွာဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင်လာခဲ့ ခြင်းဖြစ်သည်။