Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ ပေါက်မရွာက နေအိမ်တွေ ပျက်ဆီးဆုံးရှုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ ပေါက်မရွာက နေအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က စလင်းမြို့နယ် ကျေးရွာတချို့ကို စစ်တပ် မီးရှို့ခဲ့စဥ်။ ဓာတ်ပုံ - စလင်း ပအဖ

ဖေဖော်ဝါရီ -၂၈၊ ၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ ပေါက်မရွာက နေအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

စစ်တပ် တပ်စွဲထားတဲ့ လင်းဇင်းရဲစခန်း အနီးက ပေါက်မရွာမှာ အခုလ ၂၆ ရက်ည ၉ နာရီဝန်းကျင်ကမီးလောင်ခဲ့တာလို့ ဆိုပါတယ်။

“တပ်ရင်းတွေ ထောင်ထားတဲ့မိုင်းတွေကို ရှင်းဖ်ို့ လင်းဇင်းဖက်ကခွေးတွေ ရှို့ခဲ့တာ လို့ ကနဦး သိထားပါတယ်။အိမ်ခြေ ၄၀ လောက် လောင်တယ်လို့ သတင်းရထားတယ်”လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရတဲ့ ပေါက်မရွာမှာ အိမ်ခြေ အစု ၅ စု ရှိပြီး မီးလောင်သွားတာက အောင်စေ ဆိုတဲ့ အစု ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

ပြီးခဲ့တဲ့နှစ်က စလင်းမြို့နယ် ကျေးရွာတချို့ကို စစ်တပ် မီးရှို့ခဲ့စဥ်။ ဓာတ်ပုံ – စလင်း ပအဖ

လင်းဇင်းရဲစခန်းက စလင်းချောင်းနံဘေးကပ်လျက်တောင်ဘက်တွင်ရှိပြီး ပေါင်းမကျေးရွာက စလင်းချောင်းဘေးကပ်လျက် မြောက်ဘက်မှာ ရှိပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရနိုင်မှုကြောင့် ပေါင်းမကျေးရွာနဲ့ စစ်တပ်စခန်းကြားက စလင်းချောင်းထဲက ကိုင်းပင် သစ်ပင်ခြုံနွယ် မီးရှို့ရှင်း လင်းရာကနေ ပေါက်မရွာကနေအိမ်တွေ မီးကူးစက်လောင်တာလို့လည်း ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

မကြာခဏ တိုက်ပွဲ ဖြစ်နေတဲ့ စလင်းမြို့နယ်ကို စစ်တပ်က အင်အားဖြည့်တာ အပြင် ကျေးရွာတွေကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေရှိပါတယ်။

စလင်းမြို့နယ်မှာ ကျေးရွာ ၁၅ ရွာ ထက်မနည်း စစ်ဘေးရှောင်နေရပြီး လူဦးရေ ၅,၀၀၀ ဝန်းကျင်က စားနပ်ရိက္ခာတွေ ဆေးဝါးတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က လင်းမြို့နယ်၊ မကျီးဖျားအုပ်စု၊ ကျောက်ခဲကုန်းရွာက စစ်ဘေးရှောင်တွေ လာရောက်နေထိုင်နေတဲ့ ဘုရားတန်ဆောင်းပေါ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးလာကြဲလို့ အသက် (၇၀)အရွယ် အမျိုးသားတစ်ဦးနဲ့ တစ်နှစ်သားအရွယ်ကလေးငယ် သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

သေဆုံးဒဏ်ရာရ စစ်အုပ်စုကို ဧရာဝတီမြစ်ဖြတ်ပြီး လာသယ်တဲ့​ ရေယာဥ် ထပ်မံတိုက်ခိုက်ခံရ

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသ တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူတွေကို လာသယ်တဲ့ စစ်ကူရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။