Connect with us

Hi, what are you looking for?

သတင်း

စလင်းမှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုများလာလို့ အရေးယူမယ်လို့ ပအဖသတိပေး

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေ များလာတဲ့အတွက် ဒီကနေ့ မတ်လ ၁ရက်ကစပြီး ဘယ်လိုလောင်းကစားမျိုးကိုမဆို အရေးယူတော့မယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလအစောပိုင်းက မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် ကြက်ဝိုင်းပြုလုပ်နေစဥ်။ ဓာတ်ပုံ - CJ

မတ်-၁ ရက်၊ ၂၀၂၆။ဇေအောင်/People’s Spring

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေ များလာတဲ့အတွက် ဒီကနေ့ မတ်လ ၁ရက်ကစပြီး ဘယ်လိုလောင်းကစားမျိုးကိုမဆို အရေးယူတော့မယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်အတွင်း စိုးမိုးနယ်မြေက ကျေးရွာတချို့မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါက်လာတာကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေမှာ သီးနှံတွေပျောက်ဆုံးတာ၊ နေအိမ်တွေက စက်ပစ္စည်းတွေ ပျောက်ဆုံးတာမျိုးတွေ ပိုများလာတယ်လို့ တိုင်ကြားတာကြောင့် လောင်းကစားဝိုင်းတွေကို ဖမ်းဆီးဖို့ စီမံချက်ချပြီး လုပ်ဆောင်နေကြောင်း စလင်းပအဖက အသိပေးပါတယ်။

ဒါကြောင့် ဒီနေ့ (မတ်လ ၁ ရက်) ကစပြီး စလင်းမြို့နယ်ထဲမှာ နှစ်လုံး၊ သုံးလုံး၊ ချဲထီရောင်းချတာ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း ထောင်တာတွေကို လုံးဝခွင့်မပြုတော့ဘဲ ထပ်မံတွေ့ရှိရင်တော့ တည်ဆဲဥပဒေတွေအတိုင်း တိတိကျကျ အရေးယူသွားမယ်လို့ စလင်းပအဖက ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မနှစ်ကတော့အနောက်ပိုင်းက ၂ ရွာမှာ အကြီးအကျယ် လုပ်ခဲ့ကြတယ်။ ရာသီချိန်ပေါ့။ အလယ်ပ်ိုင်းကတရွာမှာ နောက်တခါ လုပ်တော့တားဆီးခိုင်းခဲ့လို့ ပျောက်သွားခဲ့တယ်။ ကြက်ဝိုင်းရာသီကုန်တော့ နားသွားကြတယ်။ ဒီနှစ် အရှေ့ပိုင်းက ၅ ရွာ နဲ့ အနောက်ပိုင်း ၂ရွာမှာ ကြက်ဝိုင်းတွေရှိခဲ့ပါတယ်။”လို့ စလင်းပအဖအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ကျေးရွာတစ်ရွာက ကြက်ဝိုင်းကို ပျူစောထီးတွေ လာမယ်ဆိုတဲ့ သတင်းကြောင့် သွားရောက်ဖမ်းဆီးခဲ့ပေမယ့် ကြက်ဝိုင်းဒိုင်တွေရဲ့ ဝတ္တရားနှောင့်ယှက်မှု၊ ရပ်ရွာခံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ် ပျက်ခဲ့တယ်လို့ စလင်းပအဖအဖွဲ့က ပြောပါတယ်။

စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နယ်မြေအေးချမ်းဖို့၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ကြိုးစားနေတာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

​စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ ပေါများလာပြီး စစ်အုပ်စုဝင်တွေက လိုင်းကြေးယူပြီး ဖွင့်ခွင့်ပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီလိုနေ့မျိုးမှာ လောင်းကစားဝိုင်းတွေက ရွှေတိဂုံဘုရားရဲ့ ဈေးတန်းမှာလာလုပ်နေခွင့်ရတာက ဘယ်သူတွေ ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။