Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့နဲ့ (၄)မိုင်အကွာ စစ်တပ်ရောက်လာ

မန္တလေးတိုင်းကတကောင်းမြို့ကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တကောင်းလမ်းဆုံနဲ့ (၄)မိုင်အကွာကိုရောက်လာပြီးလက်နက်ကြီးပစ်ခတ်တာတွေ ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေဆက်တိုက်လုပ်နေတယ်လို့ တော်လှန်​ရေးတပ်တွေက ပြောပါတယ်။

(တကောင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၂၀၂၄ ဩဂုတ် ၁၂ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

▪️လက်နက်ကြီး၊ဒရုန်းတွေနဲ့ကျေးရွာတွေကိုပစ်ခတ်နေ

မတ်-၁၀၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်းကတကောင်းမြို့ကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တကောင်းလမ်းဆုံနဲ့ (၄)မိုင်အကွာကိုရောက်လာပြီးလက်နက်ကြီးပစ်ခတ်တာတွေ ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေဆက်တိုက်လုပ်နေတယ်လို့ တော်လှန်​ရေးတပ်တွေက ပြောပါတယ်။

တကောင်းလမ်းဆုံနဲ့ (၄)မိုင်အကွာက မကျီးကုန်းကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်နေတယ်လို့ မတ်လ ၉ရက်ညပိုင်းကစစ်​ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က လက်နက်ကြီး၊ဟောင်ဝစ်ဆာတွေနဲ့တကောင်းမြို့ဘက်ကို ရမ်းသမ်းပစ်‌‌ခတ်နေပြီးဒရုန်းတွေနဲ့လည်း မြို့ကိုကျော်ပြီး အနီးနားက ကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေတယ်လို့သိရပါတယ်။

” ပြည်သူတွေက တော့အကုန်ပြေးနေရတာပေါ့။မြို့ထဲကလည်း ရှောင်ကြပြီ။စစ်ကြောင်းနှစ် ကြောင်းထိုးနေတာ။မြေပြင်ကရောက်မလာသေးဘူး။လက်နက်ကြီးနဲ့ဒရုန်းက ဆက်တိုက်ကိုချ နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီက တက္ကသိုလ်တန်းမြှင့်‌‌ လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃)ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

မန္တလေး-ဗန်းမော်ကားလမ်းမပေါ်က စစ်ရေးအရအချက်အချာကျတဲ့ တကောင်းမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး တန်ပြန်ထိုးစစ် ဆင်ပြီး တစ်လ​ကျော်အကြာမတ်လ ၁၀ရက်မှာ တကောင်းမြို့နဲ့ (၄)မိုင်အကွာကို ရောက်လာတာပါ။

၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းမှာ တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ တကောင်းမြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၆ရက်စတင်ကာ စစ်တပ်က ထိုးစစ်ဆင် နေတာပါ။

အဲဒီထိုးစစ်အတွင်း စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ အကူအညီလိုအပ် နေပြီး စစ်တပ်က ဒရုန်းဗုံးကြောင့် ပြည်သူ သေဆုံးမှု တွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ တကောင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUGလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ပူးပေါင်းခုခံနေတာ ဖြစ်ပါတယ်။

NUG လက်အောက်ခံတပ်တွေက ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးမြို့မြောက်ဘက်မိုင် ၁၀၀ ခန့်အကွာက တကောင်းမြို့ကို ၂၀၂၄ သြဂုတ်၁၂ရက်မှာသိမ်းယူခဲ့တာဖြစ်ပါတယ်။တကောင်းမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook