Connect with us

Hi, what are you looking for?

သတင်း

ယိုးငူရွာဈေးကို စစ်တပ်ဗုံးကြဲလို့ ၁၇ဦးသေ၊ ၁၄ ဦးဒဏ်ရာရ​ကြောင်းAA ထုတ်ပြန်

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ‌ကလေးငယ်တွေ၊ ဈေးရောင်းဈေးဝယ်နေသူတွေအပါအဝင်ပြည်သူ ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ကတရာဝင် သတင်းထုတ်ပြန်ပါတယ်ယိုးငူကျေးရွာဈေးကိုဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇မိနစ်မှာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာပါ။

(စစ်တပ် ဗုံးကြဲမှု​ကြောင့် ဒဏ်ရာရက​လေးငယ်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk )

​ဖေ​ဖော်ဝါရီ-၂၄၊၂၀၂၆။အိမ်သွင်/People’s Spring

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ‌ကလေးငယ်တွေ၊ ဈေးရောင်းဈေးဝယ်နေသူတွေအပါအဝင်ပြည်သူ ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ကတရာဝင် သတင်းထုတ်ပြန်ပါတယ်ယိုးငူကျေးရွာဈေးကိုဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇မိနစ်မှာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာပါ။

သေဆုံးသူတွေဟာ ဈေးရောင်း၊ ဈေးဝယ်နေကြတဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့လည်း မီးလောင် ပျက်စီးသွားပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အသေးစိတ်ကိုထပ်မံထုတ်ပြန်မယ်လို့ AAက အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကလေးငယ်တွေကိုပါ ပစ်မှတ်ထားပြီးအဆင်ခြင်မဲ့ဗုံးကြဲနေတာလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၁၀ရက်၊ ကမ္ဘာ့လူ့အခွင့်အ​ရေး​နေ့ကလည်း မြောက်ဦးမြို့ဆေးရုံကိုဗုံးကြဲလို့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်၃၆ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၂၀ ရက်နေ့ ညကလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ကျောက်တော်မြို့နယ်အစပ် ချောင်းတူကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းနဲ့သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။