Connect with us

Hi, what are you looking for?

သတင်း

အီရန် နျူကလီးယား စီမံကိန်း နေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

အီရန်ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့ IDFရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တယ်လီဂန် နျူကလီးယား စီမံကိန်းနေရာ အပါအဝင် နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

Reuters သတင်းဌာနကတော့ တယ်လီဂန် ဆိုတာဟာ အီရန်ရဲ့ မြို့တော် တဟီရန်ရဲ့ အရှေ့တောင်ဖက် ကီလိုမီတာ ၃၀ လောက်အကွာမှာ တည်ရှိတဲ့ နေရာကို ဆိုလိုတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ နေ့ကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေထဲက တစ်ခုဟာ အီရန်မှာ နျူကလီးယားဗုံးတစ်လုံး ပိုင်ဆိုင်မလာအောင် တားဆီးဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းချမ်းစွာ အသုံးပြုဖို့ဖြစ်ကြောင်း အကြိမ်ကြိမ် ဖြေရှင်းထားပါတယ်။

Public Service Announcement

Public Service Announcement

IDFကတော့ စစ်ထောက်လှမ်းရေးက ရရှိတဲ့ အချက်အရတွေအရ အီရန်ဟာ တယ်လီဂန် နျူကလီးယား စီမံကိန်း နေရာကို လက်နက် ထုတ်လုပ်ရေး ရည်မှန်းချက်အတွက် အသုံးပြုနေတာလို့ အခိုင်အမာ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း IDFဟာ အီရန်ရဲ့ နောက်ထပ် နျူကလီးယား စီမံကိန်း အဆောက်အအုံ တစ်ခုဖြစ်တဲ့ မင်ဇာဒါဟယန်းကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေဟာ အဲဒီနေရာမှာ နျူကလီးယား လက်နက် အစိတ်အပိုင်းတွေကို လျှို့ဝှက် ထုတ်လုပ်နေကြောင်းလည်း အစ္စရေးက စွပ်စွဲထားပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းတွေကို ဆန့်ကျင်ခဲ့ခြင်းဟာ ဂျပန်အနေနဲ့ အကြီးအကျယ် ရန်စတဲ့ လုပ်ရပ်မျိုး ကျူးလွန်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားခဲ့ပါတယ်။