Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆိုင်ကယ်တွေ ဆီ၂လီတာအပြည့်ရောင်းမပေးလို့ အခက်တွေ့နေ

မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဆိုင်ကယ်တွေကို ၂ လီတာအပြည့် ရောင်းမပေးဘဲ ကျပ် ငါးထောင်ဖိုးသာရောင်းပေးလို့ အခက်အခဲတွေ့နေကြောင်း ဆိုင်ကယ်စီးနင်းသူ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီနေသော ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

မတ်-၁၃၊ ၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဆိုင်ကယ်တွေကို ၂ လီတာအပြည့် ရောင်းမပေးဘဲ ကျပ် ငါးထောင်ဖိုးသာရောင်းပေးလို့ အခက်အခဲတွေ့နေကြောင်း ဆိုင်ကယ်စီးနင်းသူ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကစပြီး စစ်ကောင်စီက ဆိုင်ကယ်တစ်စီး ၂လီတာနှုန်းနဲ့ ရောင်းချဖို့ ကန့်သတ်လိုက်ပေမဲ့ မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာတော့ လီတာနဲ့မသတ်မှတ်ဘဲ ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးနေကြောင်း၊ ဒီကနေ့ဆိုရင် မန္တလေးမြို့မှာ 92 ဓာတ်ဆီ တစ်လီတာ ၂၉၄၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၃၀၄၅ ကျပ် ဝန်းကျင် ရှိနေတဲ့အတွက် ကျပ်ငါးထောင်ဖိုးဟာ၂ လီတာမရတာကြောင့်အခက်အခဲရှိနေကြောင်း မြို့ခံအချို့က ပြောပါတယ်။

“ဆိုင်တွေက ၂ လီတာပြည့်အောင်မပေးဘူး။ ငါးထောင်ဖိုးပဲပေးတယ်။ တစ်ရက်ခြား ၂ လီတာတောင်မလောက်တာ။ ပြည့်အောင်ရောင်းမပေးတော့ ပိုဆိုးတယ်”လို့ မန္တလေးမြို့ပေါ်နေ ဆိုင်ကယ်စီးနင်းသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီက QR စနစ်နဲ့အပြင် စုံ၊မစနစ်နဲ့လည်း တစ်ရက်ခြားတစ်ကြိမ်သာ ဝယ်ယူခွင့်ကန့်သတ်ထားတာကြောင့် လုပ်ငန်းသုံးဆိုင်ကယ်တွေ စက်သုံးဆီအခက်အခဲရှိနေတယ်လို့ ဆိုင်ကယ်စီးနင်းသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂ လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄ လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာ သာ တစ်ရက်ခြား ဝယ်ယူခွင့် ကန့်သတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် အရောင်းဆိုင်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ရောင်းချရမည်ဖြစ်ပြီး၊ ပုံး သို့မဟုတ် ပေပါနဲ့ ရောင်းချခြင်းကို လုံးဝခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။