Connect with us

Hi, what are you looking for?

သတင်း

MNDAA နဲ့ TNLA ပဋိပက္ခအတွင်း ကွတ်ခိုင်ရှိ ​ကျေးရွာ၂၀ခန့်ကပြည်သူတွေတိမ်း​ရှောင်​​နေရ

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်​ပြေးတိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲ​တွေ​ကြောင့် ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေတဲ့ ​ဒေသခံ​​တွေ။ဓါတ်ပုံ-​ဒေသခံ

မတ်-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်​ပြေးတိမ်းရှောင်နေကြပါတယ်။

မတ်လ၁၄ရက်နေ့က စတဲ့ တိုက်ပွဲဟာ နှစ်ဘက်ဆွေးနွေးမှုတွေရှိနေပေမယ့်မတ်လ ၁၈ရက်​နေ့ခင်းပိုင်းအထိ နှစ်ဖက်​ကြားသ​ဘောတူညီမှု ရ၊ မရဆိုတာကိုမသိရ​သေးပါဘူး ။

“ကွတ်ခိုင်မြို့နယ်ထဲမှာတင် ရွာနှစ်ဆယ်လောက်ပြေးနေကြရတယ်။ ခဏပဲထင်ပေမယ့် တော်တော်လေးဒုက္ခရောက်ကြတယ်။ ဘေးလွတ်ရာကိုကယ်ထုတ်ဖို့တောင် အရမ်းခက်ခဲပါတယ်။ကယ်တဲ့သူတောင် ဒရုန်းထိပြီး သေဆုံးတာရှိပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့နယ်လွယ်ဆိုင်ရွာအနီးမှာ မတ်လ ၁၅ ရက်နေ့က စစ်ရေးတင်းမာနေချိန် ဒေသခံတွေကိုသွားရောက် ကယ်ဆယ်တဲ့ ပရဟိတအဖွဲ့ထဲကမိုင်းထွန်းလှ ဆိုသူဟာဒရုန်းဗုံးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ မတ်လ ၁၄ရက်နေ့က စတင်တဲ့ ပဋိပက္ခအတွင်း MNDAAက ဒရုန်းနဲ့ ဗုံးကြဲလို့ မိုင်းထွန်းလှ အပါအဝင်အရပ်သားသေဆုံးသူ ၅ဦးအတည်ပြုထားနိုင်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင်ပျောက်ဆုံးနေသူတွေရှိနေပြီး လတ်တလောအခြေအနေအရေ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့က​နေ ကွတ်ခိုင်ကိုလာ​ရောက်စစ်​ရှောင်သူ​တွေလိုမျိုး အခြား​ဒေသက​နေ လာ​ရောက်စစ်​ရှောင်သူ​တွေပါ ထပ်မံထွက်​ပြေးတိမ်း​ရှောင်​နေရတယ်လို့ ​စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေသူအချို့က​ပြောပါတယ် ။

MNDAAဟာ ကွတ်ခိုင်မြို့မှာ တပ်စွဲထားတဲ့ TNLAစခန်းတွေကို မတ်လ ၁၄ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ထားပါတယ်။ မတ်လ၁၇ရက်မနက်မှာတော့ TNLAက ကွတ်ခိုင်မြို့ကို လက်လွတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ နှစ်ဘက် အပစ်ရပ်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီနေ့ ​နေ့ခင်းပိုင်းအထိ ​​တွေ့ဆုံ​ဆွေး​နွေးမှု အ​ခြေအ​နေကို နှစ်ဖက်စလုံးက မထုတ်ပြန်သေးပါဘူး။ ပစ်ခတ်သံတွေတော့အရင်နေ့ကလို့မကြားရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကွတ်ခ်ိုင်မြို့ကို ‌၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA ဦး​ဆောင်ပြီးထိုးစစ်ဆင်သိမ်းယူခဲ့တာဖြစ်ပါတယ်။ TNLAရော ၊MNDAAကပါ ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ် ယန္တရားတတည်ဆောက်ခဲ့ကြပါတယ်။ နမ့်ဖက်ကာ​​ဒေသက စစ်တပ်ဗျူဟာနဲ့ တပ်ရင်း​တွေကို​တော့ KIA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်တပ်ကကွတ်ခိုင်မြို့နယ်ကိုလေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံတွေထိခိုက်သေဆုံးခဲ့ကြသလိုနေအိမ်အဆောက်အအုံတွေလည်းပျက်စီးခဲ့ပါတယ်။အခုလည်း မဟာမိတ်အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲ​​တွေကြောင့် ဒေသခံတွေ အခက်အခဲကြုံတွေ့နေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း TNLAနဲ့ MNDAAထိပ်ပိုင်းတာဝန်ရှိသူတွေ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေပေမယ့် မြေပြင်မှာစစ်ရေးအခြေအနေစိတ်မချရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။MNDAAအနေနဲ့ မဟာမိတ်အချင်းချင်း စစ်ရေးအာသာချက်ယူပြီး မတိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

NUG ယာယီသမ္မတ ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည် ၊ကျန်းမာရေးအင်အားစုအထူးဒေသ(၁) တို့ကလည်းTNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကိုတွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ၊တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့၊ဆွေး​နွေးမှု​တွေ​အောင်မြင်ပါ​​စေ​ကြောင်း ​မေတ္တာရပ်ခံ ၊တိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

Facebook