Connect with us

Hi, what are you looking for?

သတင်း

စလင်းမှာ ပျူစောထီးလောင်းကစားဝိုင်းကို အချင်းချင်းစီးနင်းပြီး ပြန်ဖမ်း၊ ၁၅ ဦးထက် မနည်း ဖမ်းဆီးခံရဟုဆို

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခြေသေ့ဦးကျေးရွာမှာ ပျူစောထီးတွေဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို အခြားပျူစောထီးအဖွဲ့တစ်ခုက အချင်းချင်း ဝင်စီးနင်းရာ ပျူစောထီးတွေအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း အဲဒီဒေသကမြေပြင်ကင်းထောက်ဖြစ်တဲ့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့က ပြောပါတယ်။

​မတ်-၁၉၊၂၀၂၆။ ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခြေသေ့ဦးကျေးရွာမှာ ပျူစောထီးတွေဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို အခြားပျူစောထီးအဖွဲ့တစ်ခုက အချင်းချင်း ဝင်စီးနင်းရာ ပျူစောထီးတွေအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း အဲဒီဒေသကမြေပြင်ကင်းထောက်ဖြစ်တဲ့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့က ပြောပါတယ်။

မနေ့က မတ်လ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်က စလင်းမြို့ရဲ့ အရှေ့တောင်ဘက်ရှိ ခြေသေ့ဦးကျေးရွာမှာ ပျူစောထီးတွေဖွင့်ထားတဲ့ လောင်းကစားဝိုင်းကို Light Truck ကားတစ်စီး၊ အင်အား ၁၀ ဦးခန့်ပါဝင်တဲ့ အခြားပျူစောထီးအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် ကာ လောင်းကစားဝိုင်းကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ညီနောင်-စလင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လောင်းကစားဝိုင်းဖွင့်တာက ခြေသေ့ဦးကျေးရွာက ပျူတွေနဲ့ တခြားရွာက ပျူတွေရောပါပါတယ်။ လာဖမ်းတာက ပျုတွေကြီးပဲ။ ကျွဲကျောင်းရွာက ပျူစောထီးခေါင်းဆောင် ထွန်းနိုင်အဖွဲ့က ဖမ်းဆီးတာလို့ သိရတယ်။ ဖမ်းဆီးထားတဲ့သူတွေကို ဘယ်မှာ ချုပ်နှောင်ထားလည်း မသိရသေးဘူး။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစီးနင်းမှုအတွင်း လောင်းကစားပြုလုပ်နေသူတွေနဲ့ ပျူစောထီးအဖွဲ့ဝင် အချို့အပါအဝင် စုစုပေါင်း ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့က ပြောပါတယ်။

အဲဒီလောင်းကစားဝိုင်းမှာ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်းနဲ့ ဖဲဝိုင်းတွေ ပါဝင်ပြီး ဒေသခံပျူစောထီးအဖွဲ့ဝင်တွေက ကိုယ်တိုင်ဒိုင်ခံခြင်းနဲ့ နေ့စဉ်ကြေးကောက်ကာ ဖွင့်လှစ်ထားတာ ၂လခန့် ရှိပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

​”သူတို့ ပျူစောထီးအချင်းချင်း မတည့်တာလို့ ထင်တယ်။ အခါတိုင်းလည်း ကစားနေတာ ဘာမှမဖြစ်ဘူး။ သူတို့ပဲ ဒိုင်ခံတယ်၊ ဘေးလူကို ဒိုင်ပေးမခံဘူး။ အခုဟာက သူတို့အချင်းချင်း မပြေလည်လို့ ကစားတဲ့သူတွေပါ ရောဖမ်းခံရတာ။ ၁၀ ယောက်၊ ၁၅ ယောက်လောက် မိသွားတယ်”လို့ ဝိုင်းအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ပြည်သူ့ညီနောင်-စလင်းအဖွဲ့ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

​ခြေသေ့ဦးကျေးရွာက လောင်းကစားဝိုင်းကို လွန်ခဲ့တဲ့ ၂၀၂၅ ဇူလိုင်အတွင်းကလည်း စလင်းမြို့ပြပြောက်ကျား (UG) ကျားပေါက်အဖွဲ့က သတိပေးဖောက်ခွဲမှု တစ်ကြိမ်ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook