Connect with us

Hi, what are you looking for?

သတင်း

ပိုကြီးမားတဲ့တိုက်ပွဲတွေဆင်နွှဲဖို့ပြင်ထားသလို SRA စုဖွဲ့မှုမှာလည်း တော်လှန်ရေးအောင်မြင်ဖို့ ဆွေးနွေး လုပ်ဆောင်နေဟု ချင်းညီနောင်ပြော

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစုအဖွဲ့ဝင် ရဲဘော်တွေကို AA စစ်သင်တန်းပေးနေစဉ်။ ဓာတ်ပုံ - SRA

မတ်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

ဒီကနေ့ မတ် ၂၁ရက်မှာကျင်းပတဲ့ ချင်းညီနောင်ရဲ့ ရန်ပုံငွေရှာဖွေပွဲ မျာ ဆလိုင်းတင်မီက အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးကြာလာတဲ့ အခြေအနေမှာ ပင်ပန်းနွမ်းနယ်တာ၊ ရန်သူဘက်က ပြင်ဆင်မှုတွေ ကြားရတာ၊ ရန်သူထံ အလင်းဝင်လာတဲ့ သတင်းတွေကြောင့် စိတ်ဓာတ်ကျရတာတွေ ရှိနေသလိုတဖက်မှာလည်း တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းလာတာရှိနေကြောင်း ဆလိုင်းတင်မီက နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းနိုင်မှုကို ပြောပြပါတယ်။ SRAဟာ မြေပြင်မှာ အမှန်တကယ်စစ်တိုက်တဲ့ အဖွဲ့တွေ စုဖွဲ့ပြီး တော်လှန်ရေးကို ဒီထက်မက အောင်မြင်အောင် ဆွေးနွေးနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ချင်းညီနောင်ကလည်း ဘယ်တော့ ဖြစ်လာတော့မလဲ မပြောတက်ပေမယ့်ပြင်ဆင်ထားတယ် ဒီထက်ကြီးမားတဲ့ပွဲတွေဆင်နွှဲနိုင်ဖို့ရန်အတွက် အမြဲတန်းပြောတဲ့ နောက်ဆုံးကျန်တဲ့ ကျနော်တို့ ချင်းညီနောင်ရဲ့ ထိန်းချုပ်မှုမှာ တီးတိန်တိုက်ပွဲ မြို့သိမ်းတိုက်ပွဲကိုလည်း အမြန်ဆုံးဆင်နွှဲနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်နေတာ နှစ်ဝက်နီးပါး ကြာလာပေမယ့် ချင်းတပ်တွေက အခုအချိန်ထိ ခုခံထားနိုင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို တောင့်ခံနိုင်တာဟာ တော်လှန်ရေး ရဲဘော်တွေရဲ့ သတ္တိ တခုတည်းနဲ့ မရဘဲ ပြည်သူတွေရဲ့ အားပေးမှု အမှန် တကယ်လိုအပ်တယ်လို့လည်း ပြောပါတယ်။

” ပြည်သူမပါတဲ့တော်လှန်ရေးကတော့ ဘယ်တော့မှ မအောင်မြင်ဘူးလို့ အမြဲတမ်း ပြောကြသလို ချင်းညီနောင် အနေနဲ့ အခုလုပ်နေတဲ့ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တိုက်ပွဲတွေမှာ အဓိကက ပြည်သူပဲ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက်ပြီးတော့ အတူတကွ တော်လှန်ရေးမှာ ရှေ့ဆက်ကြရအောင် အားသွန်ခွန်စိုက်လုပ်ပြီးမှ ရှေ့ဆက်ကြရအောင်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ချင်းညီနောင်ဟာ ၂၀၂၄နဲ့ ၂၀၂၅မှာ ချင်းပြည်နယ် ဖလမ်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့တွေကို မဟာမိတ်တွေနဲ့အတူ ပူးပေါင်းသိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် တီးတိန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ချင်းညီနောင်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ဟာအရေးကြီးပြီး ဦးဆောင်သူအချို့ မှားတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တခုလုံးရော အခြားခေါင်းဆောင်များရောနဲ့ ဦးဆောင်သူတွေကို ယုံကြည်လို့ နောက်လိုက်သူတွေ နစ်နာမှု ဖြစ်ရကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။