Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းတိုက်ပွဲ စစ်ကူလာတဲ့ စစ်တပ်ကို CDMစီးယင်း တိုက်ခိုက်

မတ်-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM စီးယင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို CDM စီးယင်းက ထုတ်ပြန်ပါတယ်။

“တပ်စိတ်တစိတ်လုံး ငရဲပြည်သို့ပို့ခံလိုက်ရသောအခါ”ဟု ရေးသားထားတဲ့ ရုပ်သံမှတ်တမ်းမှာ တောင်ခြေအနီး အိမ်တစ်အိမ်ဆီ ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကို တွေ့ရပါတယ်။

တိုက်ခိုက်မှုအပြီးစစ်ကောင်စီတပ်သားတွေလဲကျနေတာကိုလည်း မြင်ရပြီး CDM စီးယင်းရဲ့ ထုတ်ပြန်ချက်မှာတော့တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့အချက်အလက် အသေးစိတ်တော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး တီးတိန်မြို့နယ် သိုင်းငင်းနဲ့ ဖလမ်းအကြားမှာ ဖြစ်ခဲ့တာလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ချင်းညီနောင်အဖွဲ့ဝင် PDFဇိုလဲန်းစစ်ဦးစီးချုပ်ကိုဂိဒွန်ကပြောပါတယ်။

” ဖလမ်းဘက်က စစ်ကူလာတဲ့စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်တာဖြစ်တယ် CDM စီးယင်းက”လို့ ကိုဂိဒွန်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ နှစ်ဝက်နီးပါး ကြာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ် ထိုးစစ်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်တွေ အတူပူးပေါင်းခုခံတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့ပါတယ်။

လေကြောင်းပစ်ကူ အများအပြားအသုံးပြု တိုက်ခိုက်ထိုးစစ်ဆင်နေပေမယ့် ဖလမ်းမြို့ကို မရသေးတဲ့ အခြေအနေမှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကလေးဘက်ကနေ စစ်အင်အားတွေ ဖြည့်တင်းနေတာရှိသလို ဖလမ်းမြို့နယ်က ကျေးရွာတွေအပါအဝင် တိုက်ပွဲမဖြစ်တဲ့ ဒေသတွင်း ကျေးရွာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်တာတွေကို စစ်ကောင်စီတပ်ကလုပ်ဆောင်လျက်ရှိပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်ကောင်စီတပ်ဟာ အင်အားဖြည့်နေသလို ချင်းတော်လှန်ရေးတပ်တွေအနေနဲ့လည်း ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ မကြာသေးမီက ဖြေကြားထားပါတယ်။

ဖလမ်းတိုက်ပွဲ စစ်ကူလာတဲ့ စစ်တပ်ကို CDMစီးယင်း တိုက်ခိုက် မတ်-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring ချင်းပြည်နယ်၊…

Posted by People's Spring on Tuesday 24 March 2026

(ရုပ်သံ -CDF Civic Defense Militia -CDM -Siyin )

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။