Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးပိုထိရောက်ဖို့ စစ်တပ်တော်လှန်နေတဲ့အဖွဲ့တွေ စုစည်းကြဖို့ CDMစီးယင်း စစ်ဦးစီးချုပ် တိုက်တွန်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသာမက စစ်တပ်ကိုတော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေအားလုံး စုစည်းနိုင်ပါက တော်လှန်ရေး ပိုထိရောက်မှာဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM Siyin(စီးယင်း) စစ်ဦးစီးချုပ် Thawng Puက ပြောပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM Siyinက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

မတ်-၂၅၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသာမက စစ်တပ်ကိုတော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေအားလုံး စုစည်းနိုင်ပါက တော်လှန်ရေး ပိုထိရောက်မှာဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM Siyin(စီးယင်း) စစ်ဦးစီးချုပ် Thawng Puက ပြောပါတယ်။

ဖလမ်းမြို့တိုက်ပွဲ စစ်ကူလာတဲ့ စစ်တပ်ကို CDF CDM စီးယင်းက မိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို စစ်ဦးစီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ဖြစ်တဲ့ Theo Thawng မှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဒေသအခြေအနေတွေ မေးမြန်းရာ အခုလို ပြောကြားခဲ့တာပါ။

စစ်တပ်ဟာ ကလေးမြို့ကနေ ဖလမ်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး စစ်ကူတက်လာတဲ့ အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီနဲ့ မတ်လ ၄ရက်ကစတိုက်ပွဲတွေ ဖြစ်နေတယ်လို့ CDM စီးယင်း စစ်ဦးစီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အခု ဇောင်ကောင်ရွာကနေ ဗားလုံရွာဘက်မှာ စစ်ကောင်စီတွေ ရှိသေးတယ်။ ကျနော်တို့ဘက်က မိုင်းခွဲတိုက်ခိုက်တုန်းက စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးကြိမ် ဗုံးကြဲတယ်။ ကျနော်တို့ဘက်မှာ ထိခိုက်မှုမရှိဘူး”လို့ CDM စီးယင်း စစ်ဦးစီးချုပ်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်က အထိအခိုက်ရှိတယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းက နယ်မြေဒေသတွေ ပြန်ရဖို့ ၂၀၂၆ အောက်တိုဘာလကုန်ပိုင်းက အင်အားအလုံးအရင်းအသုံးပြု စတင်ထိုးစစ်ဆင်ခဲ့ရာ ချင်းပြည်ကောင်စီ၊ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ၅လ ခန့်ကြာ ဖြစ်ပွားခဲ့ပါတယ်။

လေကြောင်းပစ်ကူအပါအဝင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ဟန့်တားထားနိုင်တာဟာ ချင်းတော်လှန်ရေးတပ်တွေအားလုံး စုစည်းနိုင်မှုကြောင့်လို့ CDM စီးယင်း စစ်ဦးစီးချုပ်က ပြောပါတယ်။

” ကျနော်တို့ အခုလို စည်းလုံးပူးပေါင်းတာ ထိရောက်မှု ရှိပြီး ဘုံရန်သူကို အမြန်ဆုံးရှင်းလင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ချင်းတပ် မက စစ်ကောင်စီကို တော်လှန်နေတဲ့ မဟာမိတ်အဖွဲ့အကုန် စုစည်းရင် ပိုပြီးအောင်မြင်မှုနဲ့ တော်လှန်ရေး ပိုပြီးထိရောက်မှုရှိမှာပါ” လို့လည်း CDF CDM စီးယင်း စစ်ဦးစီးချုပ်က ပြောပါတယ်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ နဲ့ စစ်ရေးအခြေအနေတွေကြောင့် အသေးစိတ် အခြေအနေတွေကို လတ်တလော ထုတ်ပြန်ဖို့မရှိသေးဘူးလို့ သူက ပြောပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ ကာလမှာ CDM စီးယင်းတပ်ဖွဲ့ရဲ့ ဒရုန်းချို့ ထိခိုက်မှုရှိခဲ့တယ်လို့လည်း ပြောပါတယ်။

” တော်လှန်ရေး ပိုပြီးထိရောက်မှု လုပ်နိုင်အောင် တက်နိုင်တဲ့ဘက်က နေပါဝင်ပြီးအားဖြည့်ပေးဖို့ ပြောချင်ပါတယ်”လို့လည်း CDM စီးယင်း စစ်ဦးစီးချုပ်က ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်ပြီး အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ကလေး-နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနဲ့ တီးတိန်-သိုင်းငင်း စတဲ့ လမ်းကြောင်း လေးခုမှာ စစ်ကြောင်းလေးခု အင်အား ၁,၀၀၀နီးပါးအသုံးပြုခဲ့ကြောင်း ချင်းရေးရာအဖွဲ့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ထိုးစစ်ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်းဖော်ပြပါတယ်။

ချင်းရေးရာအဖွဲရဲ့ မတ်လ ၉ရက် ထုတ်ပြန်ချက်အရ စစ်တပ်ထိုးစစ်စတင်ခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကနေ ၂၀၂၆ ဖေဖော်ဝါရီ ၂၈ရက်အထိ လေးလကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၀၀ကျော်သေဆုံးကာ ၂၅၀ကျော်ဒဏ်ရာရခဲ့သလို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အနည်းဆုံး ရဲဘော် ၄၂ဦး ကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook