Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမှာ မိုးသက်လေပြင်းကြောင့် သစ်ပင်ပိပြီး ခရီးသွားအမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ မတ်လ ၂၈ ရက် ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျချိန် သစ်ပင်လဲကျပိမိလို့ ခရီးသွား အမျိုးသားတစ်ဦးသေဆုံးခဲ့‌ပါတယ်။

မတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ မတ်လ ၂၈ ရက် ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျချိန် သစ်ပင်လဲကျပိမိလို့ ခရီးသွား အမျိုးသားတစ်ဦးသေဆုံးခဲ့‌ပါတယ်။

ညနေ ၄နာရီခန့်က စတင်ပြီး မိုးရွာပြီး လေပြင်းတိုက်ခတ်နေချိန် ပင်ခုတ်ကျေးရွာလမ်းပေါ် သစ်ပင်လဲကျပြီး သစ်ပင်ပိလို့ ဆိုင်ကယ်စီးအမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

” ခေါင်းကို ထိသွားတာ။ ဆေးခန်းပို့တာလည်း မရလိုက်ဘူး။သူက နယ်ဝေးကလာတာဗျ။ ဘယ်ကမှန်းတောင်မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ညနေပိုင်းမှာ ဟုမ္မလင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့ပါတယ်။

ဖားကန့်ဒေသမှာလည်း မတ်လ ၂၈ရက်ညနေပိုင်း မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ရန်ကုန်နဲ့ တနင်္သာ ရီတိုင်း၊ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ နေပြည်တော်မှာ မိုးသက်လေပြင်းကျပြီး မိုးသီးတွေလည်းကြွေလို့ နေအိမ်ပျက်စီးတာတွေ၊ သီးနဲ့စိုက်ခင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

နိုင်ငံအနှံ့မှာ နွေရာသီကာလ လေထုမတည်ငြိမ်နဲ့ဖြစ်စဥ်ကြောင့် နေရာကွက် မိုးကြီးတာတွေ၊ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေရှိနေပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် အရပ်သားအစိုးရလက်ထက် နှစ်စဉ်နွေရာသီရောက်တိုင်း လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွေကို စီမံချက်နဲ့လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ အဲ့ဒီလိုစီမံချက်တွေမတွေ့ရတော့ဘဲ နွေရာသီကာလလေပြင်းဘေးအန္တရာယ်ကို ပိုမိုကြုံတွေ့နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။